Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

မှောင်ချထားသော သတင်းတပုဒ်

"မှောင်ချထားသော သတင်းတစ်ပုဒ်"

အင်အားကြီး အသိုင်းအဝိုင်း၏
ထောက်ခံမှုကို ရရှိထားသော
လူတစ်ယောက်သည်
အကြမ်းဖက် အာဏာသိမ်းခဲ့ပါသည်။

ထိုအရေးအခင်းနှင့် ပက်သက်၍
သတင်းစုံရပ်ကွက်တွင်
အံ့သြထိတ်လန့်ခဲ့ကြပါသည်။

မြားနတ်မောင်ကလည်း
စိုးရိမ်မကင်းဖြစ်မိကြောင်း
ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

သစ္စာတရားအဖွဲ့အစည်းကလည်း
ထိုလူသစ်သည်တရားမဝင်ကြောင်း
ကန့်ကွက်ခဲ့ကြပါသည်။

နောက်ဆုံးရရှိသော သတင်းများအရ
ကမ္ဘာ့အချစ် သမဂ္ဂ
လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင်
ဘက်မလိုက် ချစ်သူများအုပ်စုက
ချစ်သူဟောင် ကျွန်တော်ကိုသာ
အသိအမှတ်ပြုရန်
ဝိုင်းဝန်းအရေးဆိုကြစဉ် ….

အချစ်မိဘများ၏
အာဏာကုန်လွှဲအပ်ခြင်းခံရသော
အထူးကိုယ်စားလှယ်က
ပြုတ်ကျသွားသော ချစ်သူဟောင်း ကျွန်ုပ်ကို
လုံးဝ အသိအမှတ်မပြုနိုင်ဟု
“ဗီတိုအာဏာ” ဖြင့် ပယ်ချလိုက်ပါကြောင်း။

(မင်းလူ)
၁၉၇၉

No comments:

Post a Comment