Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

စစ်ဘုရင် ရှီဟွမ်တီ

ပုံထဲက စစ်သားရုပ်တွေဟာ 210–209 BC လောက်က တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ် ရှီဟွမ်တီ Qin Shi Huang (259 BC – 210 BC ) ကွယ်လွန် ချိန်မှာ သူနဲ့အတူ မြုပ်နှံခဲ့တာပါ။ သူ့ဂူသင်္ချိုင်း ကို ၁၉၇၄ မှာ လယ်သမားတွေ က မြေတူးရင်း နဲ့ ရှာတွေ့ခဲ့တာပါ။

သူ့ဂူသင်္ချိုင်းမှာ စစ်သားရုပ်ပေါင်း ၈ ထောင်ကျော် ရှိပါတယ်။ သူ့ဟာ တရုတ်ပြည်က ဘုရင်ငယ်အားလုံးကို စစ်တိုက် သတ်ဖြတ်ပြီး နယ်အားလုံးပေါင်းကာ Qin dynasty ကို တည်ထောင်ခဲ့ပါတယ်။

သူ့ဖခင်ဟာလည်း ဘုရင်တစ်ဦးပါ။ သူ့အဖေသေတော့ သူက အသက် ၁၃ ပါ။ ၀န်ကြီးချုပ်က နန်းတော်ကို ထိန်းချုပ်လိုပါတယ်။ ဘုရင်ကို အသက်ငယ် တယ်ဆိုပြီး အထင်သေးခဲ့ပါတယ်။ သို့သော် မကြာပါ ၀န်ကြီးချုပ်ကို သူကိုယ်တိုင် အသက် ၁၃ နှစ်အတွင်းမှာ ဖယ်ရှားပြီး ကွဲပြားနေတဲ့ ပဒေသရာဇ်နယ်တွေကို စစ်တိုက်စုရုံးပြီး ဧကရာဇ် လုပ်ခဲ့တဲ့ သူဖြစ်ပါတယ်။

ရှီဟွမ်တီဟာ ကွန်ဖြူးရူပ်ရဲ့ စာပေတွေကို နှစ်သစ်သူမဟုတ်ပါ။ ကွန်ဖြူးရူပ် စာပေမှာ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ပွင့်ပွင့်လင်းလင်းဝေဖန် ထားတဲ့ အတွက်ပါ။ ဒါကြောင့် ကွန်ဖြူးရူပ်စာပေတွေကို မီးတိုက်ပါတယ်။ ကွန်ဖြူးရူပ်စာပေ လေ့လာတဲ့ တချို့သော ပညာတတ်တွေကို အမြင်ကတ် ရင် ကတ်သလို အရှင်လတ်လတ် မီးရို့သတ်ပါတယ်။

သူဟာ နာမည်ကြီး ဂရိတ်ဝေါကို ဆောက်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲတာကလည်း တိုင်းပြည်ကာကွယ်ရေး အတွက်ဆိုတာထက် သူ့အာဏာတည့်တံ့ဖို့ အတွက် ဆိုရင် ပိုမှန်ပါတယ်။

တိုင်းပြည်ကို စစ်အာဏာ သုံးပြီးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ ဘုရင်ဖြစ်ပါတယ်။ အသက်လည်း တိုပါတယ် ၄၉ မှာ သေပါတယ်။ သေတော့လည်း သူ့အမိန့်နဲ့ စစ်သားရုပ်တွေကို သူ့အုတ်ဂူထဲ ထည့်ပေးရပါသေးတယ်။

သုတစွယ်စုံကျမ်း

     The First Emperor of China   

No comments:

Post a Comment