Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

အချစ်ဘယ်က စ.. ကော်ဖီဘယ်က..စ




Saturday, Augest 03, 2013

ဟိုး...နှစ်ပေါင်းများစွာက အီသီယိုးပီးယားနိုင်ငံမှ ကာလ်ဒီ(Kaldi)အမည်ရှိ သိုးကျောင်းသားတစ်ယောက်သည် သိုးကျောင်းနေစဉ် အစိမ်းရင့်ရောင်အရွက်များဖြင့် ဖုံးအုပ်နေသော ခြုံပုတ်အတွင်းမှ ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အသီးငယ်များကို ၎င်း၏ သိုးများမှ ပျော်ရွှင်စွာ စားသောက်နေကြပြီး သိုးများ၏ အသွင်သဏ္ဍာန်မှာလည်း သွက်လက်မြူးကြွနေသည်ကို သတိထားမိခဲ့သည်။

သိုးများစားသောက်နေသော ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အနီရောင်နှင့် အစိမ်းရောင်များရှိသည့် ထိုအသီးကလေးများတွင် ထူးခြားသည့် အာနိသင်တစ်ခု ရှိရမည်ဟု ကာလ်ဒီ(Kaldi) စဉ်းစားမိပြီး ထိုအသီးများကို ခူး၍ စမ်းသပ် စားကြည့်သည့်အခါ ခါးသက်သက်အရာသာနှင့်တကွ စိတ်ကိုနှိုးစွပေးသည့် (သို့) စိတ်ကိုးတက်ကြွစေသည့် ထိုအသီး၏ လျှို့ဝှက်ချက်ကို သိရှိပြီးသည့်နောက်တွင် ထိုအသီးများကို ၎င်းနေထိုင်ရာ အရပ်ဒေသရှိ ဘုရားကျောင်းများသို့ ဖြန့်ဝေခဲ့ရာ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ထိုအသီးများ၏ အာနိသင်ကြောင့် ပုံမှန်အိပ်ချိန်ထက် လျှော့နည်းစွာအိပ်စက်နိုင်ခဲ့ကြပြီး တရား ဘာဝနာများကို ပိုမိုအားထုတ်နိုင်ခဲ့လေသည်

အချိန်ကာလပြောင်းလည်းလာသည်နှင့်အမျှ ထိုအသီးများကို စားသုံးသော သူများလည်း တစ်စထက် တစ်စများပြားလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့ကာ ကော်ဖီသီးမှ ကော်ဖီစေ့ အဖြစ်သို့လည်းကောင်း၊ ကော်ဖီစေ့မှ ကော်ဖီမှုန့်အဖြစ်သို့လည်းကောင်း
ပြောင်းလည်း အသုံးပြုလာခဲ့ကြရာ ယခုခေတ်တွင် အမျိုးအစားပေါင်းများပြားလှသော ကော်ဖီမှုန့်၊ ကော်ဖီရည်များ အဖြစ်ဖြင့် သောက်သုံးသူများထံသို့ ရောက်ရှိလာခဲ့လေပြီ။

Espresso, Cappuccino, Cafe' Latte, Filter Coffee, Nescafe, Cyprus Coffee, ...အစရှိသည့် ကော်ဖီများနှင့် အရက်အနည်းငယ်နှင့် ရောယှက်သောက်သုံးရသော Irish Coffee, Calypso Coffee, Royale Coffee, Caribbean Coffee, Liqueur Coffee,... အစရှိသည့် ကော်ဖီများ ဆင့်ပွားပေါ်ပေါက်လာခဲ့လေပြီ

“အချစ်ကို...အာဒံနဲ့ဧဝက စခဲ့ကြပြီး ကော်ဖီကိုတော့ အီသီယိုးပီးယားနိုင်ငံမှ အာရပ်လူမျိုး သိုးကျောင်းသားလေး ကာလ်ဒီ(Kaldi) မှ စခဲ့ပါကြောင်း တင်ပြရင်း

နမ်းမဝ(အဖြူရောင်နတ်သမီး)

No comments:

Post a Comment