Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 2, 2013

နှစ်ပေါင်း ၅၅၀၀ ကျော်မှ လူသားတို့ အသုံးပြုခဲ့သော လည်သာရှုးဖိနပ်

ယနေ့ ခေတ်မှာ ရှာဖွေ တွေ့ ရှိမှုတွေက ရှေ့ ခေတ်လူသားတို့ ရဲ့ နေထိုင်မှု ပုံစံတွေ၊ ရိုးရာဓလေ့ တွေကို ခန့် မှန်းဖို့  အတွက် အကောင်းဆုံးသော သက်သေပြချက်တွေလည်းဖြစ်ပါတယ်။ အခုလည်း လွန်ခဲ့သော နှစ်ပေါင်း ၅၅၀၀ ကျော်မှ လည်သာ ဖိနပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၀ ခုနှစ်တုန်းက Armenian ဂူ ထဲမှ ဒီရှုးဖိနပ်ကို ရှာဖွေ တွေ့ ရှိခဲ့တာ ဖြစ်ပါ တယ်။

“ ဒီရှုးဖိနပ်က အံအားသင့်စရာပဲ. ယနေ့ ခေတ်မှာ အသုံးပြုနေတဲ့ ရှုးဖိနပ်တွေလို ပဲ” လို့  ကျော်ကြားတဲ့ ဒီဇိုင်နာ တစ်ယောက်ဆိုပါတယ်။ ဖိနပ်ရဲ့ အတွင်းမှာဆိုရင် မြက်ခြောက်တွေကိုထည့်သွင်းထားတာကလည်း ဆူးငြောင့် ခလုတ်တွေနဲ့  သက်သောင့်သက်သာ အသုံးပြုလို့  ရအောင် ပြုလုပ်ထား တာလည်း ဖြစ်နိုင်ပါတယ်။ နူးညံပျော့ ပြောင်းတဲ့ ဒရယ်သားရေ ကို အသုံးပြုပြီး ချုပ်လုပ်ထားတာကလည်း အရင်ခေတ်လူသားတို့ ရဲ့ အဆင့်မြင့်မြင့် နေထိုင်မှုကို မီးမောင်းထိုပြသလိုပဲ ဖြစ်ပါတယ်။

ဖိနပ်ရဲ့ အရွယ်အစားက အမေရိကန် အမျိုးသမီးတွေရဲ့ ဖိနပ်ဆိုက် ခုနှစ် အရွယ် အစားလောက်ရှိပါတယ်။ လေ့ လာသူတွေကတော့ စီးနင်းအသုံးပြုမယ့် အမျိုးသမီးတစ်ဦးဧ။် ညာဘက်ဖိနပ်ဖြစ်ကြောင်း၊ ယောက်ျား ဖိနပ်ချုပ် သမား တစ်ယောက်က ပြုလုပ်ခဲ့တာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ခြေချောင်းလေးတွေနဲ့  ခြေထောက်အရွယ်အစား ကို သေချာ တိုင်ပြီး ပြု လုပ် ခဲ့တာက လမ်းလျှောက်ရာမှာ အဆင် ပြေစေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရှုးဖိနပ်က အသုံးပြုထားခြင်း မရှိသေးပါဘူးလို့  လေ့လာ သူတွေ က ပြောဆိုခဲ့ ပါတယ်။

ကောင်းဇေယံ
(Discoveries Myanmar)

No comments:

Post a Comment