Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

ဘ၀ရဲ့အချိန်ကို ရောင်းစားကြရသူများ


Thursday, August 15, 2013

လူသက်တမ်း တိုတာ ရှည်တာ တော့မသိပါဘူး ။ ခု ကျွန်မတို့ခေတ်မှာ အချိန်ဆိုတာ ရွှေပဲ ။ ဒါပေမယ့် အနာခံလို အသာစံရတယ်ဆိုတဲ့ စကားကတော့ ဟာသပါ။ နေစဉ် လှုပ်ရှားနေရတဲ့ ဘ၀အမောတွေ
အောက် သေတဲ့ အထိ ကိုယ်ပိုင်အချိန်ကို ရရှိသူက နည်းပါတယ်။ လူဆိုတာ အပေါင်းအဖော် အတွက် စားဝတ်နေရေးအတွက် မိသား စုအတွက် မိတ်ဆွေအတွက် ရှင်သန်နေကြရတာ လည်း ဖြစ်တယ်လို ထင်လာတယ်။ လူတိုင်းက တရားဆိုတဲ့အရာကို ရှာဖိုထက် ၀မ်းစာကိုပဲ အရေးကြီးနေကြတယ် ။

စားနိုင်သောက်နိုင်ပြီးဆို နေနိုင်ထိုင်နိုင်ဖို့ကို ကြိုးစားကြရတာပါပဲ။ လူသားတစ်ယောက်ဖြစ်နေတော့ လူသားတာဝန်ကိုပဲ ကျေအောင် ထမ်းဆောင်နေကြရင် တပွဲစား ဘ၀ ကို ရွှေးချယ်ကြပြန်ပါတယ်။ အ
သက် အရွယ် 18 ကနေပညာသင်ပြီးတော့ အလုပ်လုပ်ကြပြီဆိုက
တည်း က မိမိကိုယ်ပိုင်အချိန်တွေ ခွန်အားတွေ ဥာဏ်ရည်အသွေးတွေ ချရောင်းကြရတာပါပဲ ။ တစ်နာင်္ရီဘယ်လောက်ဆိုတဲ့နှုန်းနဲ့ပေါ့ ။ ဒီလို ရောင်းဝယ်ဖောက်ကားရင်း ဘ၀ကို ကြိုးစားလေ မိမိ ကိုယ် ပိုင်အချိန်တွေ နည်းလာလေလေပေါ့ ။ ကြမ်းတမ်းနေတဲ့ လောကကြီးမှ အလှအပကိုခံစားတတ်ကြပေမယ့် ခံစားခွင့်ရမယ့် နာရီပိုင်းတောင် မရတဲ့သူတွေ များများလာတယ်။

နေတစ်နေ့မျက်လုံး လေး ပွင့်တာနဲ့ အလုပ်ကို သွားဖို့ ပြင်ဆင်ကြရတယ်. သွားချင်တာ ဖြစ်ဖြစ် မသွားချင်တာ ဖြစ်ဖြစ် ဒီအလုပ်ပါပဲ ။ နေစဉ် လုပ်နေကြ ရတာပါပဲ ။ ရှာဖွေနိုင်မှ ဘ၀က လှ ၀မ်းစိုမှာကို အပြစ်ဖွဲ့လို
တော့ လည်းမရပါဘူး ။ အရင်က အဖေက စီးပွားရှာ ရင် အမေက အိမ်
ရှင်မ ။ ခုက အမေအဖေက စီးပွားရှာ သားသမီးတွေက မှုကြို မှာ နေစဉ် ရုန်းကန်ရင် နေစဉ်သုံးစွဲဖို့ မျှတမှုရှိအောင်ရုန်းကန်နေရတော့ မိသားစု ဆိုတာ ကို ဘယ်သူက နွေးထွေးမှု မပေးနိုင်ကြပါဘူး ။ နေစဉ် လူငယ်တွေ ကို မျက်ခြေမပြတ်ကြည်ရှုဖို့ဆိုတာ ဘယ်သူမှ မအားနေကြပါဘူး. ကိုယ်ပိုင်အချိန်ဆိုတာ မပြောနဲ့ အများဆိုင်တဲ့ မိသားစု ဆိုတဲ့ အချိန်ဆိုတာတောင် မရှိကြတဲ့ ခေတ်ဖြစ်လာပါပြီ.။

အိမ်နားက ဘုန်းကြီးကျောင်းတောင် ဆွမ်းမပိုအားကြတော့ပါဘူး ။ မသွားနိုင်ကြပါဘူး ။ အခါကြီးရက်ကြီးဆိုလည်း လူမှု အဖွဲ့အစည်းရဲ ပွဲ တွေကို သာ တတ်ရ အိမ်အလုပ် နဲ့ ဘုရားတောင် တစ်နှစ်နေလို တစ်ခေါ့က်မရကြတော့ပါဘူး ။ အိမ် က ဘုရားစင်တောင် ရှေမှာထိုင်ရျှိခိုးဖို့ မနည်းကြိုးစားနေရတဲ့ခေတ်ပါ.။ ခေတ်သစ်မိသားစုမှာ မနက်ပိုင်း ထမင်းချိုင်ဆွဲီပြီး အမေ အဖေ အလုပ် သားသမီးကျောင်း ဆိုတာပဲ ရှိပါတယ်။ တောင်းသမျ မျက်နှာမငယ်ရေးကိုသာ အလေးထားလာရတော့ ကြာတော့လည်း မေ ဘာဖိုး ဖေ ဘာဖိုးဆိုတာ ထုတ်ပေးရုံပဲရှိပါတယ်။

စနေ မှာလဲ အချို့က ရုံးတတ်ရတော့ အနားယူမယ် တနင်္ဂနွေကြတော့ အိမ်မှာ တစ်ပတ်စာ အလုပ် ရှင်းရလင်းရ လျော်ရဖွတ်ရ မင်္ဂလာဆောင် နာရေး အလှူက ပြေးရနဲ့ နားချိန်ရယ်လို ဘယ်မှာလဲ အေးအေးဆေးဆေး တရားရှာရမယ့် အရွယ် ပင်စင်စား အမေအဖေတောင် ကလေးထိန်းရာ ထူးရသလို ကြည်ထားပေးပါဆိုတာနဲ့ သူတို့ခမျာမှာလည်း မအားကြပါဘူး ။အဲတော့ ဥပုဒ်နေ့တောင် နေတ၀က် ကမန်းကတန်း တရားယူပြီ အိမ်ပြန်ရတဲ့သူတွေလည်း ရှိပါရဲ့။ တရားယူပြီးတော အိမ်က မြေးတွေ အကြောင်း အရင်က အကြောင်းတွေ အပြန်အလှန်ပြောကြရင် ဘ၀အမောတွေ ဖြေနေရတော့ ဒါပဲ ဘ၀ရဲ့ တရားဖြစ် လာတော့တယ်။

တကယ်တော့ အနားယူရမယ်ဆိုတာ ရှာစရာမလိုပါဘူး နေစဉ့် ကိုယ်အ လုပ်တာဝန်တွေသိမ်းချိန် မိသားစု တာဝန်ပြီးချိန် ဟာ အိပ်ခါနီးအချိန်ပဲ ကျန်ပါတယ် တစ်နေလုံး လှုပ်ရှားထား၇တဲ့ စိတ်နဲ့ အိပ်ချင်တာပဲ သိပါတယ်။ ကိုယ်ဘ၀အတွက် အသိဥာဏ် အတွက် နောင်ဘ၀အတွက် စဉ်းစားမိရင် အလှူခံလေး ထည့် တခါတရံ အိမ်မှာ အလှူလေးလုပ် တာကလွဲလို ကိုယ်ပိုင်အားထုတ်ဖို့ဆိုတာကလည်း တော်တော် မလွယ်တဲ့ ခေတ်ပါ။ပျက်စီးနေတဲ့ခေတ် မှာ ကလေးတွေ ဘာတွေ လုပ်နေတယ်ဆိုတာ မသိကြပါဘူး သိတော့ ဒေါသနဲ့ရိုက်ကြ ဖြစ် လာတော့မှူဆူကြပူကြနဲ့ သာ ရှိပါတယ်။ ရင်နဲ့အုပ်ရမယ့် ချိန်မှာ ကလေးက သူများတွေကြား ကြီူးပြင်းလာရတယ်.။

မွေးကတည်းက မိဘရင်ခွင်နေချင်တာတောင် တစ်ခွန်းမှမဟပဲ နောက်ဆုံး အပေါင်းအသင်းကြောင့် မိမိစိတ်ကြောင် လုပ်မိလုပ်ရာတွေ ထင်မိထင် ရာတွေလုပ်လာကြပါတယ်။ ချစ်သူဖြစ်လာတော့လည်း အမြင် မတော် အတတ်ဆန်းပြီး အတားဆီးမဲ့တဲ ဇာတ်ကားတွေကြောင့် ဟိုးဟိုးကြော် ဘ၀တွေရောက်ကြရပြန်ပါတယ်။ ဒီလိုနဲ့ အမှားတွေ အမှားတွေ များလာခဲ့တယ်။ အလုပ်ထဲရောက်နေတဲ့ လူတစ်ယောက်မှာ သူရဲ့ ကိုယ်ပိုင်ရယ်လို ထမင်းစားချိန်တောင် အနိုင်နိုင်ပါပဲ ။

ဖျားနာနေရင်တောင်မှ သက်သာရင် ပြေးရတဲ့ အလုပ်ပါပဲ။ ဥပုဒ်နေ့ ကျောင်းတွေ ပိတ်ရင်တောင် မိဘတွေရုံးရှိတယ် သူတို့ကို ဘယ်သူက ဥပုဒ်စောင့်ရမယ် သီလယူရမယ်လို ပြောမှာလဲ .။ အမေပေးတဲ့ မုန့်ဖိုး ဂိမ်းဆိုင်သို့သာ ချီတတ်ပါတယ်။ စာဖတ်ရအောင် ဘယ်မလဲ စာကြည်တိုက်။ ချောက်တီးချောက်ချက်စာကြည်တိုက်တွေကိုလည်း ကလေးတွေက စိတ်မ၀င်စား စာအုပ်ဟောင်းတွေသာ ရှိပြီ အသစ် မရောက်နိုင်ပဲ ဘယ်လိုမှ တိုးမရတဲ့ အသိဥာဏ် နောက်ဆုံးတာ့ ကလေးဘ၀က ကျောင်းစာရယ် ဂိမ်းရယ် မုန်ဖိုးတောင်းတာရယ်က လွဲပီ ဘာမှ မရှိဖြစ်လာပါပြီ ဆယ်ကျော်သက် အရွယ်ကျော်တော့ အလုပ်ဝင် မိမိကိုယ်တိုင်သုံး လို မလောက်နိုင်တဲ့ လစာနဲ့ မိဘကို ဂရုစိုက်ဖို့ဝေးစွ တခါတရံ အမေ ဖျားနေတာလားသာ မေးရုံ ဆေးခန်းပြနော် လောက် သာ ပြောနိုင်တဲ့ ဘ၀တွေလည်းများများလာပါပြီ။ သေမှသာ ငါ မပြုစုလိုက်နိင်ဘူးဆိုတဲ့ နောင်တနဲ့ကျန်ခဲတယ် ။

အားပေးသံလေးတောင် အော် မင်းလဲ တတ်နိုင်တာ လုပ်ခဲ့တာပဲလေ သေ ချာတော့ ကျွေးမွေးခဲ့သားပဲလို သာ ပြောကြတော့တယ် ဒီလိုဆိုရင်ပဲ တာဝန်ကျေသလိုလို ဖြစ်လာပါတယ်။ မှန်တယ်မှားတယ်လဲ မပြောပါဘူး တကယ်ဆို တန်ဖိုးရှိတဲ့ အချိန်တိုင်းကို အလုပ်နဲ့ အိပ်ချိန်အတွက်သာ သုံးစွဲနေရတဲ့ ဘ၀ကြီးကို တခါတရံ စိတ်ကုန်မိတာတော့ အမှန်ပါပဲ ။။

ကညာဇင်
မြန်မာပြည်မှမြန်မာလူမျိုး

No comments:

Post a Comment