Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 12, 2013

အသက်အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ်တွေ ပြောင်းလဲ လာတဲ့ ဂျောက်ဂျက်


'တိုင်းသိပြည်သိ' ဒုတိယ တစ် ကိုယ်တော်အခွေထွက်ရှိထားပြီ ဖြစ် တဲ့ ဂျောက်ဂျက်က မိုးရာသီကာလ မှာ သီချင်းအသစ်တွေ သွင်းဖြစ်နေ ပြီး 'တိုင်းသိပြည်သိ' အမ်တီဗီကို ရိုက်ကူးနေပါတယ်။သီချင်း တွေသွင်း ရင်း၊ တစ်ကိုယ်တော်အခွေအတွက် အမ်တီဗီတွေလည်း ရိုက်ကူးရင်း နယ် ရှိုးပွဲတွေလည်း လိုက်ဆိုဖြစ်နေတဲ့ ဂျောက် ဂျက်က နယ်မှာသီချင်း သွားဆိုရတဲ့ အမှတ်တရတွေကို ပြောပြတာက "နယ် တွေတော့ အများကြီး သွားဖြစ်တယ်။ မြန်မာ ပြည်မှာ မြို့ ၅ဝလောက်ရှိရင်၊ ၃ဝလောက်သွားပြီး သီချင်းဆိုဖြစ် တယ်။ မြို့တွေထဲမှာ ပခုက္ကူမြို့က ကျွန်တော့် အမာခံပရိ သတ်တွေ အများဆုံးရှိတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပခုက္ကူမှာ သီချင်းဆိုတာ ဒီနှစ်နဲ့ဆို ၄၊ ၅နှစ်လောက် ရှိပြီ။ ကျွန်တော့်ကိုအားပေး ကြတယ်။ အမာခံတွေပေါ့" လို့ ပြောပါတယ်။

'တိုင်းသိပြည်သိ' အခွေထဲက ဂျောက် ဂျက်ရဲ့ ဘဝအကြောင်းကို ဆိုထားတဲ့ 'ဘုရားပေးတဲ့လက်ဆောင်' သီချင်းက လည်း ပရိသတ်နှစ်ခြိုက် အားပေးတဲ့ သီချင်း တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ 'ဘုရားပေးတဲ့ လက်ဆောင်' သီချင်းက ဘဝမှာ နှစ်ခါပြန် ပြီးရေးလို့မရတော့တဲ့ သီချင်းဖြစ်ကြောင်း ကို "ကျွန်တော့်ဘဝမှာ နောက်ထပ်တစ်ခါ ထပ်မရနိုင်တော့ဘူး။ဒါက ကျွန်တော့် ဘဝတစ်ခုလုံးကို ရေးထားတာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ့ထက်ကောင်းတဲ့ သီချင်းလည်းထွက်လာချင်မှ ထွက်လာ တော့မယ်" လို့ ဂျောက်ဂျက်ကပြော ပါတယ်။ ဂီတလောကထဲမှာ အချိန် ကြာလာတာနဲ့အမျှ အရင်တုန်းကလို သီချင်းတစ်ပုဒ်ကို ပြီးစလွယ်မဖန်တီး တော့ဘဲအဓိပ္ပာယ်ပြည့်ဝပြီး ရသမြောက် တဲ့ စာသားတွေနဲ့ ဖန်တီးရေးသားဖြစ်ပုံ ကို "ကျွန်တော် ဂီတလောကထဲကို ၂ဝဝ၄မှာစဝင်ခဲ့တာ။ အခု၂ဝ၁၃ ရောက်သွားပြီ။ ကျွန်တော် အရင်ကလို ပေါက်ကရတွေမဆို ဖြစ်တော့ဘူး။ ပေါက်ကွဲ တဲ့အချိန်မှာ ပေါက်ကွဲတဲ့ သီချင်းတွေဆိုဖြစ်တယ်။ အသက် ၂၅ နှစ်ကျော် လာချိန်မှာ သီချင်း တစ်ပုဒ်ရေးတော့မယ်ဆိုရင် တော် တော်စဉ်းစားတယ်။ အရင်ကလို သီချင်းတစ်ပုဒ်ကို ကျွန်တော့်နဲ့ကျွန်တော့် အသိုင်းအဝိုင်းက လူတွေ ကြိုက်ရင်ပြီး ရောလုပ်တယ်။ အသက်အရွယ် ကြီးလာ တာနဲ့အမျှ အတွေးအခေါ်တွေ၊စာသား တွေက အစပြောင်းလဲလာတယ်" လို့ ဂျောက်ဂျက်ပြောပါတယ်။

မျိုးမောင်

No comments:

Post a Comment