Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

'မဟာဆန်တဲ့ မာယာမျက်နှာဖုံး 'ဇာတ်ကားရဲ့ မင်းသားနေရာ နိုင်းနိုင်း သရုပ်ဆောင် မှာဖြစ်ကြောင်း သိရ"


Shine Entertainment ကုမ္ပဏီနဲ့ ငွေလမင်း ရုပ်ရှင်ထုတ်လုပ် ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး မလေး ရှားနိုင်ငံမှ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးမယ့် "မဟာဆန်တဲ့ မာယာမျက်နှာဖုံး" ရုပ် ရှင်ဇာတ်ကား၏ အဓိကဇာတ် ဆောင် မင်းသားနေရာမှာ နိုင်းနိုင်း သရုပ်ဆောင်မယ်လို့ သိရပါတယ်။ 

ဒီဇာတ်ကားမှာ အဓိကသရုပ် ဆောင်မင်းသား အပြောင်း အလဲ ဖြစ် ပေါ် ခဲ့ပြီး နိုင်းနိုင်း ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ကြောင်းကို ဒီ ဇာတ်လမ်း ဖန်တီးသူ စတီးက
"ဒီ ဇာတ်လမ်းကို နိုင်းနိုင်းက ရိုက်ပေး မယ်ပြောပါ တယ်။ အစ ပထမတုန်း က ရွေးတဲ့ထဲမှာသူကပါပြီးသားပါ။ သူ့ကို ကျွန် တော်တို့ ဘက်ကတောင်း ဆိုတာက ဘော်ဒီတွေကစား ဖို့အတွက် ၁လခွဲ လောက် ထိ သူတို့လိုချင်တဲ့ ပုံစံ ဖြစ်အောင် လုပ်ပေးဖို့ ပြောထားပါတယ်" လို့ ပြောပါတယ်။ ဒီဇာတ် ကားရိုက်ကူးဖို့ အတွက် သြဂုတ် လ ၁၃ ရက်နေ့ မှာ မလေးရှားကို သရုပ် ဆောင်များ နဲ့အတူ သွား မှာဖြစ်ပြီး စက်တင်ဘာ လကျ မှမြန်မာနိုင် ငံကို ပြန်လည်ရောက် ရှိမှာဖြစ် ကြောင်း စတီး ကပြောပါ တယ်။

ဒီဇာတ်ကားမှာနိုင်းနိုင်း၊ နဝ ရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်၊ တခြားမြန်မာ သရုပ်ဆောင်များနဲ့ မလေးရှားမှ အိန္ဒိယသရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး မလေးရှား နိုင်ငံမှာရောက် ရှိနေတဲ့မြန်မာ လုပ်သားများကြုံတွေ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက် ကူးသွား မှာဖြစ်တယ်လို့သိရပါ တယ်။ မြန်မာပြည်သူတွေ အနေများတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နော်ဝေး၊ မလေးရှား၊ မြန်မာနိုင်ငံစတဲ့ နိုင်ငံ ၅နိုင်ငံမှာပြ သဖို့ ရည်ရွယ်ထား ကြောင်းသိရပါတယ်။

P-060

No comments:

Post a Comment