Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

ကျောင်းသား နှစ်သောင်းငါးထောင်လောက်တက္ကသိုလ်ဝင်စာမေးပွဲဖြေတာတယောက်မှမအောင်ဘူး




လိုက်ဘေးရီးယား နိုင်ငံတွင် တက္ကသိုလ်ဝင် စာမေးပွဲ ၀င်ရောက် ဖြေဆိုသည့် ကျောင်းသား အားလုံး အောင်မြင်ခြင်း မရှိဟုဆို

Wednesday, 28 August 2013 

လိုက်ဘေးရီးယား နိုင်ငံတွင် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၀င်ရောက် ဖြေဆိုသူ ကျောင်းသားများ အနက် တစ်ဦးမှ အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ စဉ်းစား၍ပင် မရကြောင်း ယင်းနိုင်ငံရှိ ပညာရေး ၀န်ကြီး ဌာနမှ ပြောကြား ခဲ့သည်ဟု သိရသည်။

လိုက်ဘေးရီးယား တက္ကသိုလ် ၀င်ခွင့် စာမေးပွဲကို ကျောင်းသား ၂၅၀၀၀ နီးပါး ၀င်ရောက် ဖြေဆိုခဲ့ရာ တစ်ဦးမျှ အောင်မြင်ခြင်း မရှိကြောင်း၊ ကျောင်းသား များသည် စိတ်အား ထက်သန်မှု မရှိကြောင်း၊ အင်္ဂလိပ်စာ အခြေခံ အားနည်း ကြသည်ကို တွေ့ရကြောင်း လိုက်ဘေးရီးယား တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

လိုက်ဘေးရီးယား နိုင်ငံတွင် ဆယ်စုနှစ် တစ်ခုကြာ ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ယင်းစစ်ပွဲ အဆုံးသတ်သည်မှာ မကြာသေးပေ။ ထို့ကြောင့် နိုင်ငံ၏ ပညာရေး စနစ်မှာ ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍတွင် တိုးတက်မှုများ ရရှိရန် များစွာကြိုးစား ရဦးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် သမ္မတ အယ်လန်ဂျွန်ဆန် ဆာလီဖ်က ဆိုသည်။

ယခုကဲ့သို့ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား တစ်ဦးမှ အောင်မြင်ခြင်း မရှိသည်နှင့် စပ်လျဉ်း၍ တက္ကသိုလ်မှ တာဝန်ရှိသူ များနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီး အက်မိုနီယာ ဒေးဗစ်တာပတ်ခ်ျက ဘီဘီစီ သတင်း ဌာန၏ အာဖရိ ပညာရေး အစီအစဉ်တွင် ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/23798-2013-08-28-13-35-35

No comments:

Post a Comment