Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 13, 2013

မုန့်ဟင်းခါး (ဗူးသီးကြော်နဲ့ သုံးပွဲ၊ အလွတ်နှစ်ပွဲ)


ဟာသကုမ္ပဏီပိုင်ရှင်သူဌေးကြီးဟာ အချိန်အတော်ကြာအောင် သူ့ရဲ့အတွင်းရေးမှူးမလေးနဲ့ တိတ်တိတ်ပုံး ချစ်ကျွမ်းဝင်နေခဲ့ကြတယ်။

တစ်နေ့ အမျိုးသမီးမှာ သူ့ရင်သွေးကို လွယ်ထားလိုက်ရပြီလို့ သိလိုက်တဲ့အခါ အိမ်ထောင်ရေးမှာ အနှောက်အယှက် မဖြစ်စေချင်တာကြောင့် ငွေအများကြီး ပုံပေးလိုက်တဲ့အပြင် နယ်ပြန်ပြီး ကလေးမွေးမယ်ဆိုရင် ကလေးအသက် ၁၈ နှစ် အထိ ထောက်ပံ့မယ်လို့ ကတိပြုလိုက်တယ်။

“ ကောင်းပြီလေ၊ ကလေးမွေးတဲ့အခါ ရှင့်ကို ဘယ်လိုအသိပေးရမလဲ...” လို့ အမျိုးသမီးက ပြောလိုက်တယ်။

“ ငါ့ဆီကို “မုန့်ဟင်းခါး”လို့ ရေးပြီး ပို့စကတ်တစ်ခုသာ ပို့လိုက်။ ပို့စကတ်ရတာနဲ့ ငွေစလွှဲပေးမယ်...” လို့ သူဌေးကြီးက ပြောလိုက်တယ်။

ကိုးလလောက်ကြာပြီးတော့ တစ်နေ့ သူ့အိမ်ပြန်ရောက်တဲ့ အခါ…

“ မောင်ရေ… ထူးဆန်းတဲ့ ပို့စကတ်တစ်ခု ရှင့်ဆီရောက်နေတယ်...”လို့
ဇနီးက ပြောလိုက်တယ်။

“ ဘယ်မှာလဲ အဲဒီကတ်။ မြန်မြန်ပေး… ပြီးမှ ကိုယ်ပြောပြမယ်...” လို့ ခင်ပွန်းကဆိုလိုက်တယ်။
ကတ်ကိုဖတ်ပြီးတဲ့နောက်မှာတော့ သူဌေးကြီးရဲ့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး သတိလစ်မတက် ဖြစ်သွားတယ်။ ကတ်မှာ ရေးထားတာကတော့…

“မုန့်ဟင်းခါး”“မုန့်ဟင်းခါး”“မုန့်ဟင်းခါး”“မုန့်ဟင်းခါး”“မုန့်ဟင်းခါး”
(ဗူးသီးကြော်နဲ့ သုံးပွဲ၊ အလွှတ်နှစ်ပွဲ)

စာကြွင်း။ ။ နံနံပင် ပို့ပေးပါရန်။

ဟာသကုမ္ပဏီ

No comments:

Post a Comment