Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 2, 2013

ကတိမတည်တဲ့ သူနဲ့ကြုံရင်တောင် အာဃာတမရှိလို့ ခွင့်လွှတ်မိတယ်ဆိုတဲ့ သီရိရှင်းသန့်


ကတိဆိုတာ လူတစ်ယောက် အတွက် အရမ်းကို အရေးကြီးတယ်။ " မင်းမှာသစ္စာ ၊ လူမှာကတိ "ဆိုတဲ့စ ကားပုံလေးလည်း ရှိတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကတိပေးတာ ထက် စာချုပ်မှာ လက်မှတ် ထိုးတာ တို့၊ လက်ဗွေနှိပ်တာတို့ လုပ်ကြ တယ်။ ကိုယ်က အလုပ်တစ်ခုကို လက်ခံ လိုက်ပြီဆိုရင် ဒီအလုပ်ကို လုပ်မယ်လို့ ကတိပေး လိုက်တာနဲ့အ တူတူပဲ။ သီရိကတော့ ကိုယ်လက်ခံ ထားတဲ့ အလုပ်ကို ပြီးအောင်လုပ် တယ်။ ကိုယ့်နှုတ်စကား ကိုကိုယ် တည်အောင် ကြိုးစားတယ်။ မဟုတ် ရင် ကိုယ့်ရဲ့ Image ကိုထိခိုက်စေ နိုင်တယ်။ အဲဒါကြောင့် ကိုယ်မလုပ် နိုင်တဲ့အလုပ်တစ်ခုကိုမလုပ်နိုင်ဘူး ဆိုရင် မလုပ်နိုင်ဘူလို့ ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ လက်ခံ ပြီးပြီဆိုရင်လည်း ဇာတ်ကားပြီးတဲ့အ ထိ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး လုပ်ကိုင်တယ်။ သီရိဘဝ မှာ ကတိပျက်ခဲ့တာ မျိုးတစ်ခါမှမ ရှိသေးဘူး။ ကတိပျက်တဲ့ သူမျိုးနဲ့ လည်း မကြုံခဲ့ဖူး ပါဘူး။ ကြုံခဲ့ရင် တောင် သီရိက အာဃာတ မထား တတ်လို့ ခွင့်လွှတ်မိမယ် ထင်တယ်။ မြန်မာလူမျိုး တွေဆိုတာ အရမ်းကို ဖော်ရွေတယ်၊ သူတစ်ပါးကို ကူညီ တတ်တယ်၊ ဘာသာတရား ကိုကိုင်း ရှိုင်းတယ်၊ ကတိတည်တယ်၊ သစ္စာ ရှိတယ်လို့ တခြားနိုင်ငံက လူတွေက အသိအမှတ်ပြုကြတယ်။ အဲဒီအ တွက် မြန်မာလူမျိုးဖြစ်ရတာ သီရိ အရမ်း ဂုဏ်ယူတယ်။ အချစ်အတွက် နဲ့ သီရိက တိပေးရမယ့်သူ မရှိသေးပါ ဘူး။

No comments:

Post a Comment