Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

ကလေးများအတွက် စားချင်စဖွယ် ကြက်ဥကြော်လေးလုပ်ပေးကြရအောင်။


Wednesday, August 28, 201

သုံးထားတဲ့ ပစ္စည်းများကလည်း ကြက်ဥချောင်းနဲ့ ကြက်ဥလေးပဲပါပါတယ်။ ရိုးရိုးကြက်ဥကြော်မျိုးမဟုတ်ပဲ ပန်းပုံလေးဖြစ်အောင် လုပ်ထားလိုက်တော့ ကလေးများလည်းသဘောကျတာပေါ့။

ပါဝင်ပစ္စည်းများ
• ကြက်ဥ၁ လုံး
• ကြက်အူချောင်း ၁ ချောင်း
• ဆီစားပွဲဇွန်း ၁ ဇွန်း
• ငရုပ်ဆီအချို အနည်းငယ်


ပထမဆုံး ကြက်အူချောင်းများကို ခပ်ထူထူလေးလှီးထားလိုက်ပါ
ဒယ်အိုးအသေးလေးကိုသုံးပြီး ကြက်ဥအနှစ်ကို အလယ်တည့်တည့်ရောက်အောင်သတိထားပြီးကြော်ပါ။
နောက်ကြက်အူချောင်းများကို ပုံပါအတိုင်း ကြက်ဥပတ်ပတ်လည်မှာထည့်ပေးပြီး ဆက်ကြော်ပါ
၎မိနစ်လောက်ကြော်ပြီးရင် တဖက်လှန်ပေးပြီး စက္ကန့်ဝက်လောက်ကြာတာနဲ့ ချက်ခြင်းမီးပိတ်ပြီး ပန်းကန်ထဲပြောင်းထည့်ပေးပါ
ကြက်ဥအနှစ်နေရာလေးကို ငရုပ်ဆီ (သို့) ခရမ်းချဉ်သီးဆော့စ်လေး ဆမ်းပေးပြီး ပင်စိမ်းရွက်ကလေးများနဲ့ အရွက်ပုံလေးဖော်ပေးပြီးရင် ရပါပြီ

***အင်တာနက်ထဲကတွေ့သောပုံကို အခြေခံပြီးပြုလုပ်ထားတာပါ။

Evy's Kitchen

No comments:

Post a Comment