Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

စိတ်ဓာတ်ကျနေလား။ ဒီဗွီယိုလေးကြည့်လိုက်ပါ။




ဘ၀မှာမျှော်လင့်ချက်တွေမဲ့ပြီး စိတ်ဓာတ်ကျနေရင် ဒီဗီဒီယိုလေးကြည့်ပြီးတော့ မာန်တင်းဖို့  တိုက်တွန်းချင်ပါတယ်။ လက်နှစ်ဖက်မရှိပေမယ့် သူတီးချင်တဲ့ဂစ်တာကို ခြေနှစ်ချောင်းနဲ့  ဖြစ်အောင်တီးပြသွားတဲ့ ဒီပုဂ္ဂိုလ်ကိုမလေးစားပဲမနေနိုင်ပါဘူး။ ဒီဂီတာကိုတီးပြသွားတဲ့ ပညာရှင်က နီကာရာဂွာက တိုနီမလန်းဒက်ဆိုသူဖြစ်ပြီး မွေးကထဲက လက်နှစ်ဖက်မပါတဲ့ ဒုက္ခိတတယောက်ဖြစ်ပါတယ်။ ဒီလိုလက်နှစ်ဖက် မပါပဲမွေးလာရတဲ့အကြောင်းကလဲစိတ်မကောင်းပါပဲ။ သူ့ ကိုကိုယ်ဝန်ဆောင်ထားစဉ် ဗိုက်ကြီးနာစွဲတော့ သူ့ အမေက သက်သာအောင် thalidomide ဆေးတွေကိုသုံးစွဲခဲ့ပါတယ်။ အဲဒီဆေးတွေရဲ့ ဒဏ်ကြောင့် သူ့ ကိုမွေးဖွားလာတော့ အင်္ဂါမစုံဖြစ်ခဲ့ရပါတယ်။ သူ့ ကို နီကာရာဂွာကနေ လော့စ်အိန်ဂျလိစ်ကိုခေါ်ပြီး လက်အတုတပ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူအတွက်အဆင်မပြေတော့ လက်အတုကိုမတပ်တော့ပါဘူး။သူပြောတာက သူ့ ခြေထောက်တွေက လက်အတုထက်ပိုပြီးအဆင်ပြေလို့ ဆိုပါတယ်။သူ့ ခြေထောက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်လို့ ရတဲ့ကိစ္စပို ပိုပြီးများလာအောင် သူကြိုးစားခဲ့တယ်။ကျောင်းနေစဉ်ဘုန်းတော်ကြီးတပါးဖြစ်ချင်ခဲ့သေးတယ်။ ဒါပေမယ့် ကတ်သလစ်ဘုန်းတော်ကြီးတပါးဖြစ်ဖို့ ကိုယ်လက်အင်္ဂါစုံလင်ဖို့ လိုတဲ့အတွက် လက်လျှော့ခဲ့ရတယ်။ အထက်တန်းကျောင်းသားဘ၀မှာ ဂစ်တာနဲ့ ဟာမိုနီကာကိုစတင်တီးမှုတ်ခဲ့တယ်။ အထက်တန်းကျောင်းသားဘ၀မှာသီချင်းစရေးခဲ့တယ်။
ဂီတမှာပါရမီရှင်ဖြစ်တဲ့တိုနီဟာ သူ့ ရဲ့ ပထမဆုံးအယ်ဘမ်ကို ၁၉၈၉ မှာထုတ်ဝေခဲ့ပါတယ်။ခုချိန်မှာတော့တိုနီဟာ အမေရိကနဲ့ နိုင်ငံပေါင်းလေးဆယ်ကျော်ကို သွားရောက်ဖျော်ဖြေခဲ့ပြီးပါပြီ။ ဆုတွေလည်းအများကြီးလက်ခံရရှိခဲ့ပါပြီ။ လင်းဆိုတဲ့အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားသမီးတွေတောင်ထွန်းကားနေပါပြီ။

Source

No comments:

Post a Comment