Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

စိတ်ကျန်းမာရေးဆေးရုံကြီးတွင် မူးယစ်ဆေးဖြတ်နေသူတစ်ဦး ကြိုးဆွဲချသေဆုံး


  • ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၁၆ မိနစ်

    ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် မူးယစ်ဆေးစွဲမှုကို ကုသမှုခံယူနေသော အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး ခဲ့မှု တစ်ခုသြဂုတ် ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

    ယင်းအမှုကို ထိုနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဒဂုံအရှေ့မြို့နယ် ရဲစခန်းမှ ရဲများက သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ရဲဌာနက ထုတ်ပြန်ချက်တွင် ပါရှိသည်။

    သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ်ရှိသည့် အမျိုးသားဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့မှ လာရောက် ဆေးကုသမှု ခံယူခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

    ၎င်းအမျိုးသားသည် ရန်ကုန်စိတ်ရောဂါကုဆေးရုံကြီးရှိ မူးယစ်ဆောင်မှ အခန်းတစ်ခုအတွင်းတွင် အမြင့် ခြောက်ပေ ကျော်ရှိသော ပြူတင်းပေါက်သံဆန်ခါတွင် အရှည်သုံးပေကျော်ရှိသည့် ဘောင်းဘီရှုံ့ကြိုးဖြင့် ကြိုးဆွဲချပြီး သေဆုံးနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

    အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ရှိရကြောင်း၊ ၎င်းအမျိုးသားသည် စိတ်ကြွဆေးများ သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသဖြင့် ဆေးရုံတက်ကုသခံနေရစဉ် ယခုလိုကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ရဲဌာနကဆိုထားသည်။

    အလောင်းတွင် ပြင်ဒဏ်ရာ တစ်စုံတရာမတွေ့ရသော်လည်း သေဆုံးသွားသည့် အမျိုးသားသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ သေဆုံးခြင်း ဟုတ်၊ မဟုတ် သေချာစေရန် ရဲဌာနက ဆက်လက်စစ်ဆေးဦး မည်ဟုလည်းဆိုသည်။

    လက်ရှိတွင် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဒဂုံအရှေ့ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment