Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

ခေတ်သစ် Blind Spot ပြဿနာ ဖြေရှင်းနည်း




မနေ့က မာစီဒီးကားသစ် E Class မိတ်ဆက်ပွဲရောက်တော့ Blind Spot အကြောင်း ရှင်းလင်းပြသချက်ကို လေ့လာဖြစ်ခဲ့ပါတယ်။

နောက်ဆုံးပေါ် မာစီဒီး E Class မှာ Blind Spot ကို အာရုံခံပြီး သတင်းအချက် အလက်ပေးတဲ့ စနစ်ပါသတဲ့။ သတင်းပေးရုံတင်မက Accident ဖြစ်နိုင်မယ့်အနေအထားကနေလည်း ချက်ချင်း Prompt Action ပေး ရှောင်ရှားနိုင်လောက်အောင် နည်းပညာ အင်မတန် အဆင့်မြင့် ပါတယ်။

နောက်ပိုင်း အဆင့်မြင့်ဇိမ်ခံကားတွေမှာ ဒါမျိုးတွေပဲ ပါတော့မှာပါ။ Blind Spot ဆိုတာ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ ကားရဲ့  ရှိသမျှ နောက်ကြည့ှ် တွေနဲ့ မမြင်နိုင်တဲ့ Angle တစ်ခုမှာပါ။ အချို့  က ယင်းအတွက် ဘက်မှန်မှာ နောက်ထပ် မှန်ခုံးသေးသေးလေး ထပ်တပ် ပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ယင်း Bind spot လို့ခေါ်တဲ့ အနောက်အရမ်းမကျ၊ ဘေးမကျနဲ့ နေရာကို မမြင်လို့ဖြစ်ရတဲ့ ကားတိုက်မှု တွေ မနည်းပါဘူး။ လမ်းကျော တစ်ခုကနေ တစ်ခု အပြောင်း အလဲလုပ်တဲ့အခါ တွေ့ရတတ်တဲ့ ဒုက္ခဖြစ်ပါတယ်။

ယင်း Blind Spot အတွက် အနာဂတ်မှာဆို အဆင့်မြင့်နည်းပညာအနေနဲ့ အာရုံခံစနစ်ကိုသာ အသုံးပြုတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Aung Kham (ColayAutomobile)

2 comments:

  1. Angle = corret , Angel = wrong . Thanks

    ReplyDelete
  2. ပြင်လိုက်ပါပြီ။ ကျေးဇူးပါ။

    ReplyDelete