Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းAFF Women's AYA BANK Championship 2013 ကို ၀င်ရောက် ယှဉ်ပြိုင် ကစားတော့မည်


ပရိသတ်များ ခင်ဗျား

မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းဟာ စက်တင်ဘာ ၉ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women's AYA BANK Championship 2013) ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အသင်းဟာ ဂျပန် ယူ-၂၃၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အသင်းများနဲ့ အတူ အုပ်စု(ခ)မှာ ကျရောက်နေပြီး ပရိသတ်များ အနေနဲ့လည်း မြန်မာ အသင်း ဗိုလ်လုပွဲ ရောက်ရှိရေးမှ ချန်ပီယံ ဖြစ်ရေးအထိ လာရောက် အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ဒါ့အပြင် ပရိသတ်တွေနဲ့ ကစားသမားတွေ သွယ်ဝိုက်သော နည်းဖြင့် ထိတွေလို့ရအောင် စီစဉ်ထားတာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ပရိသတ်တွေရဲ့ အားပေးစကားတွေကို Myanmar Football Federation Facebook စာမျက်နှာမှတစ်ဆင့် ကစားသမားတွေ စိတ်ဓာတ်တက်ကြွအောင် အရောက်ပေးပို့ ပေးမယ့် အစီအစဉ်ပါ။ ပရိသတ်များ ရေးသားတဲ့ Comment အားပေး စကားတွေကို ကစားသမားတွေ အနားယူချိန်မှာ Print ထုတ်ပြီး ပြသပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးခြင်း အားဖြင့် ကစားသမားတွေ ရင်ထဲမှာ သူတို့ကို အားပေးတဲ့ ပရိသတ် ရှိနေပါလား ဆိုတဲ့အတွေးနဲ့ စိတ်ဓာတ်အင်အား ဖြစ်ထွန်းစေမယ်၊ လေ့ကျင့်မှုတွေမှာ နိုင်ငံအတွက်၊ ပရိသတ် အတွက်ဆိုတဲ့ စိတ်နဲ့ ပိုပြီး ကြိုးစားလေ့ကျင့်ကြမယ်လို့ Admin အနေနဲ့ စိတ်ကူးမိလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပထမဦးဆုံး အနေနဲ့ ဒီအစဉ်အစဉ်မှာ နောက်တန်းလူ ခင်သန်းဝေ၊ တောင်ပံကစားသမား နော်အားလို ၀ါးဖော၊ ကွင်းလယ်လူ သန်းသန်းထွေး၊ ခင်မာလာထွန်း၊ တိုက်စစ်မှူး ခင်မိုးဝေ တို့ကို ဦးဆုံး စတင် မိတ်ဆက် ပေးလိုက်ပါတယ်။ ဒီ ကစားသမား (၅)ယောက်အတွက် ပရိသတ်များ ဘာများပြောချင်ပါသလဲ၊ ဘယ်လိုများ အားပေးစကား ပြောချင်ပါသလဲခင်ဗျာ။ မည်သူမဆို လွတ်လပ်စွာ ဝေဖန်၊ အကြံပြု၊ အားပေး ရေးသား နိုင်ကြပါတယ်။
(နောက်နေ့တွေမှာလည်း နောက်ထပ် ကစားသမား ၅ ယောက်အတွက် ထပ်မံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်)
လေးစားစွာဖြင့်
Myanmar Football Federation

No comments:

Post a Comment