Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

Guns N' Roses - November Rain


၂ဝရာစုရဲ့ တေးသွားပိုင်းမှာ အကြီးကျယ်ဆုံးထဲက တစ်ပုဒ်ဖြစ်တဲ့ ရော့ခ်သီချင်းတစ်ပုဒ်နဲ့ေ၇ာ့ခ်မုဒ်ကို ကိုယ်ထပ် ထွန်းငြိလိုက်တယ်။ ကိုယ်တို့ဆီက ဆရာဝင်းမင်းထွေးရဲ့ စကားလုံးတွေနဲ့ ဒီသီချင်းကို မြန်မာမှုပြုခဲ့ဖူးတယ်။

"It's hard to hold a candle in the cold November Rain" တဲ့။

စာသားတွေက ဆလတ်ရှ်ရဲ့ အင်မတန် လှပတောက်ပြောင်တဲ့ ဆိုလိုတွေနဲ့အတူစီးဆင်းနေကြတယ်။ စာသားသက်သက်၊ အဆိုသက်သက်၊ တေးသွားသက်သက် မကွဲနေဘူး။ အားလုံးဟာ ဦးတည်ရာတစ်ခုတည်းကို အတူတစ်ကွ စီးဆင်းနေကြတယ်။ အဆိုတော်ရဲ့ အက်ရှတုန်ခါနေတဲ့မက်တယ်လ်သံကလဲ ဆူပွက်နေတဲ့ရင်ထဲကခံစားချက်တွေနဲ့ နိုဝင်ဘာမိုးသည်းတွေ၊ အထီးကျန်ခြင်းတွေ၊ မတည်မြဲခြင်းတွေကို ထုတ်ဖော်နေတယ်။

ရော့ခ်ဘိနဲ့လိုက်ဖက်အောင် သုံးပြလိုက်တဲ့ Orchesting တွေ၊ လူးလွန့်ယိမ်းထိုးနေတဲ့ ပလွေသံတွေနဲ့ အတူ ဆလတ်ရှ်ရဲ့ ဆိုလိုက စိတ်ထဲကနာကျင်မှုတွေကို မခံနိုင်လို့အော်ဟစ်ငိုညည်းနေသံအလားပဲ။ အိတ်ဇယ်လ်ရို့စ်ရဲ့ ပီယာနိုဆိုလိုနေရာက အလွန်ကိုလှတယ်...ဘယ်နှကြိမ်နားထောင်ထောင် ထူးခြားနေတုန်းပဲ။

သေနတ်များနှင့်နှင်းဆီပွင့်များ GnR ရဲ့ ဒရမ်ဘိအသံတွေ(Tom )၊ Snare အသံတွေကိုဖမ်းယူထားတာ က ဒီသီချင်းမှာ ထူးခြားနေပါတယ်။ နောက်ကွယ်က အသံကို လွင်လွင်ပါးပါးလေးနဲ့ ခရစ်စတယ်လ်လေးတွေပြုတ်ကျသွားသလိုဖြစ်အောင် ဂီတာအဖက်ကို ချိန်ယူထားတာလေးကိုလဲ သတိထားမိနေတယ်။

နိုဝင်ဘာမိုးခေါ် November Rain။ မိုးတွေရွာလို့ စွတ်စိုနေစ ဖက်ဖူးစိမ်းရောင်စာအုပ်အဖုံးလေးနဲ့ စာအုပ်ထုတ်ပြီး ဒီသီချင်းကို ဂျူးကခံစားရေးဖွဲ့ခဲ့ဖူးတယ်။ 

No comments:

Post a Comment