Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 14, 2013

ဆင်ဆာမဲ့နှင့် ညစ်ညမ်း DVD ခွေများဖမ်းဆီး


 
ရန်ကုန်၊ ဇူလိုင် ၁၄

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် သောင်ကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေး
ကားဝင်းတွင် ဆင်ဆာမဲ့ခွေများလှည့်လည်ရောင်းချနေကြောင်း
သတင်းအရ ရဲဇော်(ဘ)ဦးမြင့်ရွှေ၊(၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
နေသူအားရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေး လွယ်အိတ်အတွင်းမှ ဆင်ဆာမဲ့မြန်မာသီချင်း/အငြိမ့်ကူးခွေ DVD (၆၆)ချပ်၊
နိုင်ငံခြားဇာတ်လမ်းတွဲ DVD(၂၇)ချပ်၊ တရားခွေ DVD(၂၃)ချပ်၊
ငွေကျပ်(၁၄၉၀၀)တို့အားသိမ်းဆည်းရမိသဖြင့်
သောင်ကြီးနယ်မြေရဲစခန်း (ပ) ၃၉၈/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)ဖြင့်လည်းကောင်း၊ ညစ်ညမ်းDVD ခွေ(၄)ချပ်ဖမ်းဆီးရမိ၍
(ပ) ၃၉၉/၂၀၁၃၊ ပုဒ်မ ၂၉၂ ဖြင့်လည်းကောင်း
အရေးယူဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်

No comments:

Post a Comment