Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 27, 2013

ဝက်ခြံအတွက် အခြားကုထုံးများ

အရေပြားရှိ ဆံခြည်မျှင် အိတ်တွေမှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ ဆီကြည်လို့ ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖြစ်ပေါ်လာတတ် ပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေက ကြာလာရင် ဝက်ခြံ အဖုအပိမ့် အပြစ်အနာအဆာတွေ ဖြစ်လာတတ် ပါတယ်။
ဝက်ခြံအတွက် အာဟာရကုထုံး
တချို့အစား အသောက်တွေက အ ရေပြားမှာ အဆီတွေကို အလွန်အမင်း ထွက်ရှိစေတဲ့ အတွက် ရှောင်သင့်ပါတယ်။ အဆီထွက်ရှိမှု မြင့်မားစေတဲ့ အစားအ သောက်တွေက ကာဗိုဟိုက်ဒရိတ် (သကြား) နဲ့ ပြည့်ဝဆီပါတဲ့ အစာတွေ ဖြစ်ကြပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပေမယ့် တချို့ လူတွေမှာ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။
အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ သစ်သီးနဲ့ ပဲအ မျိုးမျိုးကို စားတာကြောင့် အသားအရေ ကို ကျန်းမာလှပစေပါတယ်။ ခန္ဓာကိုထဲမှာ ဗီတာမင် ဒါမှမဟုတ် သတ္တုဓာတ်တစ်မျိုးမျိုး ချို့တဲ့ရင်လည်း ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်း ကာ ဝက်ခြံအဖုအပိမ့်တွေကို ဖြစ်စေနိုင် ပါတယ်။ ဝက်ခြံဖြစ်နေသူ ဒါမှမဟုတ် ဝက်ခြံဖြစ်လွယ်သူတွေ အဓိက မှီဝဲသင့် တဲ့ ဖြည့်စွက်ဆေးတွေကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ကြပါတယ်။
အမေရိကန်နဲ့ ဥရောပ လေ့လာမှုအ မျိုးမျိုးအရ ဇင့်(သွပ်)ဓာတ်ချို့တဲ့နေသူ တွေအနေနဲ့ ဝက်ခြံနဲ့ တခြားအရေပြားအ ပြစ်အနာအဆာဖြစ်နှုန်း မြင့်မားကြောင်း တွေပရပါတယ်။ ဝက်ခြံရှိသူ လူနာတွေ အနေနဲ့ ပုံမှန် ဇင့်(သွပ်) မှီဝဲပြီး နှစ်လအကြာမှာ ဝက်ခြံနဲ့ တခြားအဖုအပိမ့်တွေ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိကြောင်း သိရသည်။ ဇင့်(သွပ်) ဓာတ် ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်း ရှိပြီး အရေပြားဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။ ဇင့်(သွပ်)ဓာတ်များပြားတဲ့ အစားအစာတွေက အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ကမာ စတာ တွေ ဖြစ်ကြပါတယ်။
ဝက်ခြံအတွက် ဆေးဖက်ဝင်ကုထုံး
ဆးဖက်ဝင်ကုထုံးအများစုဟာ ဝက်ခြံအဖုအပိမ့်ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေကို ကင်းစင်စေပါတယ်။ ဆေး ဖက်ဝင်အပင်တွေက ကိုယ်တွင်းစနစ်ကို သန့်စင်စေတဲ့အတွက် နောက်တစ်ကြိမ် ဝက်ခြံအဖုအပိမ့်တွေ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ လက်ဖက်ဆီ ( Tea Tree Oil)
လက်ဖက်ဆီ ငါးရာခိုင်နှုန်းက ထုတ်ထားတဲ့ ဂျဲလ်ဟာ ဘန်ဇွိုင်းပါအောက် ဆိုက်လိုးရှင်း ငါးရာခိုင်နှုန်းလိုပဲ ဝက်ခြံကင်း စင်စေတယ်လို့ ဩစတြေးလျသုတေသီ တွေက ဆိုပါတယ်။ လက်ဖက်ဆီမှာ ဘက် တီးရီးယားသေစေတဲ့ အာနိသင်ရှိပြီး အလွန်အစွမ်းထက် ပါတယ်။
အခြားဝက်ခြံ ကုသနည်းများ
ရနံ့ကုထုံး - ချမိုမိုင်း၊ လာဗန်ဒါ စတဲ့ မရှိမဖြစ်ဆီတွေကို ကြက်သီးနွေးရေနဲ့ ဖျော်ပြီး စပရေးအနေနဲ့ ဖျန်းပက်ပေးတာ ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝက်ခြံသက်သာစေပါတယ်။
အအေးကုထုံး - ဝက်ခြံအဖုအပိမ့်ပေါ်ကို ရေခဲကပ်တဲ့ နည်း၊ ပင်လယ်ရေ စိမ် တဲ့နည်းနဲ့ အေးမြစိုစွတ်တဲ့ ပိတ်စနဲ့ ကပ် တဲ့နည်းတွေဟာလည်း ဝက်ခြံသက်သာ စေပါတယ်။
တရားထိုင်ခြင်း - စိတ်ဖိစီးမှုနဲ့ နာ့ဗ် ကြောတင်းအားတို့ကြောင့် ဖြစ်တဲ့ ဝက်ခြံ အဖုအပိမ့်တွေဟာ တရားထိုင်တာကြောင့် သက်သာစေပါတယ်။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment