Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 13, 2013

ရတနာဖြူဖြူအောင် - အနုပညာလမ်းမှာ ကြံ့ကြံ့ခံပြီး ဆက်လျှောက်မယ်

နက္ခတ်မှားတဲ့တိုက်ပွဲမှာ ဆေးကျောင်းသူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အခက်အခဲတွေကြုံလာလည်း ချစ်သူ အပေါ်နားလည်မှုပေးနိုင်တဲ့ကောင် မလေးတစ်ယောက်နေရာကပါ။ ဒီ ကားက ရုပ်ရှင်ကားကြီးဖြစ်တဲ့အ တွက် တာဝန်ကြီးပါတယ်။ ဆရာ ၀န်တွေဘယ်လိုဝတ်စားပြီး ဘယ်လို နေထိုင်တယ်ဆိုတာကိုလေ့လာ တယ်။ NGO အဖွဲ့ရဲ့လှုပ်ရှားမှု တွေကိုလည်း လေ့လာထားတယ်။ ကိုယ့်ထက်တော်တဲ့တတ်တဲ့အနုပ ညာရှင်တွေနဲ့အတူတွဲပြီး သရုပ် ဆောင်ရမှာဆိုတော့ အရမ်းပျော်ပါ တယ်။ သူတို့ဆီကနေ ပညာတွေအ များကြီးရမှာပါ။ သူတို့ရဲ့သရုပ် ဆောင်မှုတွေကိုလည်း အနီးကပ် လေ့လာခွင့်ရမှာဖြစ်လို့ သမီးဘက် က အများကြီးမျှော်လင့်ထားပါ တယ်။ ဒီကားက သမီးတို့တိုက်က ထုတ်တာပါ။ သမီးရဲ့အမေနဲ့အဖေ က ဒီဒရာမာဇာတ်ကားလေးကိုရွေး ချယ်တဲ့အတွက် သမီးဘက်က တစ် ထောင့်တစ်နေရာကနေပါဝင်ရလို့ အမေနဲ့အဖေကိုကျေးဇူးတင်ပါ တယ်။ သမီးသရုပ်ဆောင်တယ်ဆို ရင် ကာရိုက်တာကိုပဲအဓိကဦးစား ပေးတယ်။ ဆင်းရဲတဲ့ကာရိုက်တာ ဆိုရင်လည်း အ၀တ်အစားကအစ သေချာဂရုစိုက်ပြီးစီစဉ်ဖြစ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ပုံ စံအမူအကျင့်က ကွာတာလည်းရှိ မှာပေါ့။ သမီးဘက်ကတော့ အ တတ်နိုင်ဆုံးကြိုးစားသရုပ်ဆောင် မှာပါ။ သမီးရဲ့ကြိုးစားမှုအတွက် ပ ရိသတ်ဘက်ကပြန်ပြီးတုံ့ပြန်လာ မယ်လို့ သမီးယုံကြည်ပါတယ်။ အနု ပညာအလုပ်လုပ်တဲ့အခါ တစ်ခါတ လေ စိတ်ဓာတ်ကျစရာတွေကြုံရ တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါဒီအ နုပညာလမ်းမှာ ကြံ့ကြံ့ခံပြီး လျှောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပဲ ဆက်ပြီးရပ်တည်နေပါတယ်။

တယော (8 DAYS)
8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment