Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

တူနှစ်ကိုယ်ဘဝကို ထူထောင်ကြတော့မယ့် ဘုဏ်းသိုက် နဲ့ ချမ်းချမ်း



သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့က သူတို့နှစ် ဦးရဲ့ နှစ်ကိုယ်တူ ဘဝကို တည် ဆောက်တော့မှာ ဖြစ်ပါတယ်။ ဇူလိုင် ၁၄ရက်နေ့ မှာ တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ ပိဋကတ် သုံးပုံ နိကာယ် စာသင်တိုက်မှာ မင်္ဂလာဦး ဆွမ်းကျွေး အလှူပြုလုပ်မှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့၊ ညနေ၅ နာရီမှာတော့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီချက်ကျောင်းမှာ မင်္ဂလာ ဆောင်မှာဖြစ်ကာ၊ ညပိုင်းမှာတော့ အဲဒီက မြက်ခင်းပြင်မှာ ညစာ စားပွဲလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဘုဏ်းသိုက်

“၂ဝ၁၂၊၂ဝ၁၃ လောက်ကျရင် လက်ထပ်မယ် ဆိုတာတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက စဉ်းစား ထားတာပါ။ သူ့ကိုလည်း လုံးဝအသိ မ ပေးဘူး။ Surprise ပေါ့။ သူလည်း အံ့သြတယ်။ကျွန်တော့်အိမ်က အမေ တွေအဖေတွေရော၊ ချမ်းချမ်းကိုယ်တိုင်ရော မထင်မှတ်တဲ့အချိန်မှာ လက်ထပ်ဖို့ ပြောလိုက်တာပါ။ ဒီ တစ်လအတွင်း အကုန်လုံးကို ကျွန် တော်အကာင်အထည်ဖော်လိုက်တာ ပါ။ချစ်သူသက်တမ်း၅နှစ်ကျော် ၆နှစ် အတွင်းမှာအမှတ်တရတွေက အများကြီး ပါပဲ။

တချို့သူ့မွေးနေ့တွေဆိုရင် သူ လုံးဝမထင်ထားတဲ့ပုံစံမျိုးနဲ့ Surprise လုပ်တာတွေကတော့ အရင် ကတည်းကခဏခဏလုပ်ဖူးပါတယ်။ များသောအားဖြင့် ကျွန်တော့် စိတ် ထဲမှာ နောက်တစ်ယောက် လို့တောင် မမြင်ပါဘူး။ ကျွန်တော်ကြိုက် တာ တော်တော်များများလည်း သူလက်ခံ တယ်။သူ့ရဲ့စိတ်ဆန္ဒဆိုလည်း ကျွန် တော်လည်း ကြိုက်တာများတယ်။ စိတ်က တူတာများပါတယ်။ သူလည်း အရင်အတိုင်း သူလက်ခံထားတဲ့ ပွဲတွေရော နောက်ထပ်လည်း သူ လည်း ဒီအဆိုအနေနဲ့ပဲ ဆက်ပြီး ရပ်တည်မယ်။ ကျွန်တော်လည်း သရုပ်ဆောင်ဘက်မှာအရင်ထက် ပိုပြီးအရှိန်အဟုန် ကောင်းကောင်းနဲ့ သရုပ်ဆောင်ရော၊ ဒါရိုက်တာရော၊ လုပ်သွားဖို့ရှိပါတယ်။ ဟန်းနီးမွန်း ခရီးကိုတော့ ပူတာအိုဖြစ်ဖြစ်၊ ဗီ ယမ်နမ်ဖြစ်ဖြစ်သွားမယ်လို့ စီစဉ် ထားပါတယ်”

ချမ်းချမ်း

“ခရီးတွေသွားနေတော့ တအား ပင်ပန်းနေတယ်။ ပြန်ရောက်တဲ့ တစ်ရက်၊ နှစ်ရက်ပဲ ကားပေါ်မှာ မိုးတွေကရွာနေတယ်။ သူက ပြော စရာရှိ တယ်တဲ့။ ငါတို့လက်ထပ်ရ အောင်တဲ့။ အစက နောက်နေတယ် ထင်တာ။ နောက်မနေနဲ့၊ ဒီလိုမျိုး နောက်နေတာရိုးနေပြီပေါ့။ မဟုတ် ဘူး။ တ ကယ်ပြောတာ။ သူအစီအစဉ် ဆွဲထားတာ တစ်လလောက်၊ နှစ်လ လောက်တော့ရှိပြီ။ ပြောမထွက်တာ လို့ပြောတာနဲ့ လန့်သွားတယ်။ Surpise ဖြစ်သွားတယ်။ ပျော်လည်း ပျော်ပါတယ်။

တကယ် ကိုယ့်ကိုချစ် လို့၊ လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ဆိုတာ ဒီခေတ်မှာ မလွယ်ဘူးေ လ။ တော်တော်တော့ စဉ်းစားရပါတယ်။ သူရော၊ ကိုယ် ရောက အနုပညာသမားတွေ ဖြစ်တဲ့အတွက်ကြောင့် အနုပညာ သမားဆိုရင် လူတွေက အပျို၊ လူပျိုမှ ပိုပြီးအာရုံစိုက်ကြတယ်။ ချမ်းချမ်းရဲ့ ခံယူချက် ကတော့ အဲဒီလိုမရှိပါဘူး။ ကိုယ်က အဆိုတော်လေ။ မင်းသမီး တွေလို လှပကျော့ရှင်းေ နစရာမလို ဘူး။ ကိုယ့်ပရိသတ်က ကိုယ့်ကိုချစ် တယ်။ အရာအားလုံးက ဒီအချိန် ထက်တော့ ဘယ်အရာမှ အရေးမကြီး ဘူး။ ချစ်သူသက်တမ်း ကလည်း ၆ နှစ်လောက် ပြည့်တော့ မယ်ဆိုတော့ ဒီခေတ်အခါမှာ ယူသင့်ပြီလို့လည်း ထင်ပါတယ်။

အစကတော့ သူရော၊ ကိုယ်ရောစဉ်းစားတယ်။ ဘာသာမတူ ဘူးဆိုတော့ ပြဿနာရှိ လာနိုင်တယ် ပေါ့။ ဒါပေမဲ့ ချမ်းချမ်းရဲ့ အဖေနဲ့ အမေလည်းဘာသာမတူ ယူထားတာ ပဲ။တော်တော်များများ လည်း ဘာသာ မတူပဲယူထားတာပဲ။ အဓိကကတော့ တစ်ယောက်နဲ့တစ် ယောက်ချစ်ဖို့ပါပဲ။ ရည်းစားဘဝတုန်းကတစ်ယောက်နဲ့ တစ်ယောက် မပိုင်ဘူးလေ။ အိမ်ထောင် ပြုပြီးတဲ့အခါကျတော့ တအား စိတ် ပူစရာလည်းမလိုတော့ဘူး။ စိုးရိမ် စရာလည်းမလိုတော့ဘူး။ ချစ်ရုံက လွဲလို့သံေ ယာဇဉ်ဖြစ်သွား ပြီပေါ့။သူက ကိုယ့်ကိုယ်အားလုံးထက်ပိုပြီး ချစ်မြတ်နိုးလို့လက်ထပ် ခွင့်တောင်းတယ် ဆိုတာကသေချာတာပေါ့။ ယူပြီး သွားရ င်တော့ သံသယတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ ချမ်းချမ်း တို့နှစ်ယောက်စလုံး ခံယူထားတာက တစ်သက်မှာတစ်ခါပဲ မင်္ဂလာဆောင် မယ်လို့ ကတိပြုထားတဲ့အတွက် သူ များထက်တော့ ပိုပြီးလေးလေး နက် နက်ခံယူတယ် လို့ထင်ပါတယ်”

ခိုင်ဝေလွင်

No comments:

Post a Comment