Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 11, 2013

အွန်လိုင်းသီချင်းအရောင်းအဝယ်လုပ်တဲ့အခါ ဘဏ်စနစ်ထွန်းကား ဖို့လိုကြောင်း တေးရေး အရိုးပြော

ဂီတလောကအခြေ အနေတွေကဈေးကွက်အ ခြေအနေအရရော၊ ဖန်တီးထုတ်လုပ်မှုအပိုင်းမှာရော တော်တော်အားနည်းလာ ကြောင်း၊ဈေးကွက်ဝေစုပြန် မရတာဟာ ကိုယ် ရင်းနှီးမြှုပ်နှံ ထားတဲ့အနုပညာရောတေး ရေး အတွက်ပါ သိပ်မတန်တော့တဲ့ အတွက်အများစုက စိတ်ညစ်နေကြ ရကြောင်း တေးရေးအရိုးကပြောပါတယ်။

” အစ်ကို့အနေနဲ့ ဂီတကို ပုံစံတစ်မျိုးပြောင်းပြီးလုပ်မယ်လို့တော့ကြိုးစား စီစဉ်နေတယ်။ မတူကွဲပြားတဲ့ Plan လေးတစ်ခုပေါ့။ အခုလော လော ဆယ်တော့မီဒီယာ ချန်နယ်တွေနဲ့ စကားပြောကြည့်နေတယ်။ ဂီတရဲ့ အဓိကအကျဆုံးက ဈေးကွက်ကနေပြန်ရတဲ့ဈေးကွက် ဝေစုပေါ့။ ဈေးကွက်ဝေစု အပြည့်အဝမရတော့အများစုက စိတ်ညစ်နေကြရတယ်” လို့ လက်ရှိဂီတလောကအခြေ အနေနဲ့ပတ်သက်ပြီး ပြောပါတယ်။ အခုနောက်ပိုင်းအွန်လိုင်းမှာသီချင်းအရောင်းအဝယ်လုပ်နေတဲ့အပေါ်လည်း အရိုးက…”

မြန်မာနိုင်ငံအတိုင်းအတာနဲ့အိုင်တီနည်းပညာ တွေတိတိကျကျ ဖြစ်လာရင်တော့ ဒါကပိုအဆင်ပြေနိုင်မယ်ထင်ပါတယ်။ ဥပမာအသံ ဖိုင်တစ်ခု က Youtube ကနေတက်သွား ပြီဆိုရင်ဒါကသူ့ကို အကောင့်လုပ်ဖို့ အတွက်တစ်ခါ ဒေါင်းလော့ဆွဲရင်ငါးမူးတို့ဟာမျိုးပေါ့။ အဲ့ဒီ အကောင့်လုပ်ဖို့ ဘဏ်စနစ်တွေထွန်းကားဖို့လိုတယ်။ အဲဒီလိုဘဏ်တွေ ကနေအကောင့် ဖွင့်ပြီး လုပ်ပေးတော့မှသာ၊ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်မှာသာ ဒီဟာက ပိုအဆင်ပြေနိုင်မယ်။ ဒါက အစ်ကို့အမြင်ပါ။ တစ်ယောက် တည်း၊ တစ်ဖက်တည်းနဲ့ မရတော့ဘူး။ Law အရလည်းခိုင်မာရမယ်။ ဂရမ်တီအရလည်းဝိုင်းပြီး လုပ်ပေးနိုင်ရမယ်။ မြူးဇစ်သမား တွေကလည်း ဒီလိုမျိုး လုပ်တဲ့ပုံစံအပေါ်မှာ နားလည်မှုထားပေးနိုင်ရမယ်။ အဲဒီလို သုံးဖက်သုံးတန်ပြည့်စုံတော့မှဒါက ပုံမှန်လည်ပတ် နိုင်လိမ့်မယ်လို့ အစ်ကို ယူဆတယ်။ သူများတိုင်းပြည်တွေ မှာက ပြည့်စုံပြီးသားလေ။ ဒီတော့အယ်လ်ဘမ်မရောင်း ရဘူး။ ရောင်းကောင်းတယ် ဆိုတာထက် ဒေါင်း လုပ်တွေဆွဲတယ်အပေါ်မှာလည်း တော်တော်များများ သီချင်းတွေကို လူပိုသိကြတယ်။ တစ်ဖက်ကလည်းသူတို့ရဲ့ အရာအားလုံးကို ကာဗာပြန်ဖြစ် လာတယ်။ ဖန်တီးရတာ ကျေနပ်စရာပေါ့” လို့ ပြောပါတယ်။ တေးရေးကို အရိုးက အောင်မြင်မှုတစ်ခုမှာ ကြိုးစားမှုထက်ကံလည်း အရေးကြီးကြောင်း ပြောပါတယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်း အရိုးက” ကိုယ်ပိုင်လိုင်း တစ်ခုအနေနဲ့ တစိုက်မတ်မတ်ကြိုးစားရင်လူတွေ အသိအမှတ်ပြု ကြတာပေါ့။ ကြိုးစားမှုက အဓိကကျပေမယ့်ကံလည်း ရှိဖို့လိုပါတယ်။ တစ်ခုရှိတာက ဖြစ်သွားတယ်၊ မဖြစ်ဘူးအပေါ်မှာ သွားခံစားနေလို့မရဘူး။ ကြိုးစားမှုအတွက် ကိုယ့်အပေါ်တခြားလူတွေက ဆုံးဖြတ်ပေး လိမ့်မယ်။ အဓိကက ကိုယ့်မှာဗဟုသုတွေ၊ ခေတ်ကို အဆက်မပြတ်လေ့ လာနေ ရမယ်။ ခေတ်က အပြောင်းအလဲတအား မြန် တယ်။ အောင်မြင် မှုကိုရှာတဲ့ နေရာမှာ အဓိက အရပ်စကားနဲ့ ပြောရ ရင်ကုန်ကြမ်းပဲ။ ကုန်ကြမ်းကမရှားပါဘူး။ ကုန်ကြမ်းမရှိတဲ့နေရာကို ကိုယ်မသိတာပဲရှိတယ်။ ရှာတတ်သွားရင်တော့ အောင်မြင်ဖို့က မခက်တော့ပါဘူး” လို့ အောင်မြင်မှုရဲ့ အဓိကသော့ချက်ကို ဖွင့်လှစ်ပြခဲ့ပါတယ်။

M ဘွယ်

No comments:

Post a Comment