ပုလဲဝင်းက အမေရိကားမှာ ဖျော်ဖြေရေး အနေနဲ့ ဇူလိုင်တတိယ အပတ်မှာ နော်လီဇာ၊
ခွန်းဆင့်နေ ခြည်တို့နဲ့အတူ တစ်လခွဲကြာ သွား ရောက်ဖျော်ဖြေမှာဖြစ်ကြောင်း
ပြော ပါတယ်။ဒီခရီးစဉ်က မနှစ်က တည်းက စီစဉ်ခဲ့ရာကနေပျက်သွားတဲ့အတွက်
အခုဒီနှစ်မှာ ပြန်ပြီးဖျော်ဖြေ ရမှာ ဖြစ်ကြောင်းပြောတဲ့ပုလဲဝင်းကို ဖျော်
ဖြေရေးအတွက် ဘာတွေပြင်ဆင်မှု လုပ်ထားလဲဆိုတာနဲ့ ပတ်သက် ပြီးမေးကြည့်တော့
"ဒီခရီးက မနှစ် ကတည်းက အစီအစဉ်ရှိပြီးသားဆို တော့ ထွေထွေ ထူးထူးသိပ်မပြင်
ဆင် ရတော့ပါဘူး။ အမေရိကားက ပရိ သတ်တွေကို ပုလဲသီချင်းတွေနဲ့ ရော
နာမည်ကြီးသီချင်းတွေနဲ့ပါ ဖျော်ဖြေ သွားမှာပါ။ အဖွဲ့လိုက် သီချင်းအနေ
နဲ့လည်း ဖျော်ဖြေသွားပါမယ်" လို့ ပြောပြီး ဒီအမေရိကား ဖျော်ဖြေရေး က
ပထမဦးဆုံးအကြိမ် သွားရောက် ဖျော်ဖြေ ရမှာဖြစ်တဲ့အတွက် နည်း နည်းတော့
စိုးရိမ်ကြောင်း ပုလဲဝင်း က ပြောပါတယ်။
သရုပ်ဆောင်အပြင် အဆိုဘက် ပါ လုပ်ဖြစ်လာတဲ့ ပုလဲဝင်းက ကိုယ့် ကိုယ်ကိုယ် သရုပ်ဆောင်တစ်ယောက် လိုပဲ ခံယူထားကြောင်းပြောပါတယ်။
"ပုလဲကသရုပ်ဆောင်တစ် ယောက် ပါပဲ။ အဆိုတော်တစ်ယောက် မဟုတ်
ပါဘူး။သရုပ်ဆောင်ကိုပဲ ပို လုပ်တတ် တယ်လို့ထင်ပါတယ်။ အဆိုဘက်ကျ တော့
သိပ်ပြီးအားမရဘူး" လို့ ပြောတဲ့ပုလဲဝင်းက အခု နောက် ပိုင်းက မီဒီယာတွေ၊
အွန်လိုင်း တွေခေတ်မီလာတဲ့အတွက် သရုပ်ဆောင် သစ်တွေအနေနဲ့ ပရိသတ်တွေအရင်က
ထက်ပိုအသိမြန် လာကြောင်းပြောပါတယ်။ "ပုလဲတို့ဆိုရင် နှစ်အများကြီး
ကြိုးစားခဲ့ရ တယ်။ ၁နှစ်၊ ၂နှစ်နဲ့ လူသိတာမဟုတ်ဘူး။
၃၊၄၊၅နှစ်လောက်ကြိုးစားပြီးမှလူသိလာ တာ။ ဒီခေတ်ကျတော့ လနဲ့ပဲ ကြိုးစားရင်
လူသိလာကြတယ်။မီဒီယာတွေ၊ အွန်လိုင်း တွေကြောင့် လည်း ပါမယ်လို့ထင်တယ်။
ပရိသတ်လက်ခံ မှုကြောင့်လည်း ပါမယ်" လို့ ပြောပါတယ်။
တွယ်တာ
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 10, 2013
ပုလဲဝင်း ရဲ့ အမေရိက ခရီးစဉ်
Reviewed by VC
on
July 10, 2013
Rating: 5
Reviewed by VC
on
July 10, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment