Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 10, 2013

အနုပညာလောကမှာ ဆရာကောင်းတွေနဲ့ တွေ့ခဲ့တယ်လို့ဆိုသူ အေးမြတ်သူ


လတ်တလောမှာ အေးမြတ်သူ က ဒါရိုက်တာ ခင်လှိုင်ရိုက်ကူးတဲ့ 'အမုန်းခံ လူမိုက်' ဇာတ်ကားကို နေထူးနိုင်၊ ခင်လှိုင် ရဲ့ သားဖြစ်သူ နေရဲ တို့နဲ့ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက ကိုယ့်ကိုတအား ချစ်တဲ့ ယောက်ျားနှစ် ယောက်ကြားမှာ ဗျာများနေရတဲ့ ကောင် မလေးတစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။အရင်ကထက် စာရင် အခု နောက်ပိုင်းအနုပညာ အလုပ်မှာ သရုပ် ဆောင်သစ်တွေ အနေနဲ့ကြိုးစားဖို့ အခွင့် အရေး ပိုရရှိလာကြောင်း အေးမြတ်သူက

"အခုလို ခင်လှိုင်သားနေရဲကို ပြော ရရင် အရာအားလုံးအေးေ အး ဆေးဆေး ဖြစ်တယ်။ မိဘကလည်း အနုပညာသမား တစ်ယောက်ဖြစ် တဲ့အတွက် အနုပညာ အလုပ်မှာ ဘေးကနေ ထောက်ပံ့ပေးနိုင် တယ်။ အေးမြတ်သူတို့ တုန်းကဆိုရင် မော်ဒယ်မှာ နေရာတစ်နေရာ ရဖို့တောင် Step တွေ အများကြီးရှိတယ်။ အဲဒါ ကြောင့် အခုခေတ် သရုပ်ဆောင်သစ် တွေအနေနဲ့ ကြိုးစားဖို့ အခွင့်အရေး ပိုရရှိလာ တယ်။ အေးမြတ်သူအနေနဲ့ သူတို့ကို အားကျမိပါတယ်။ ဒါပေမဲ့ တစ် ခါတလေကျရင်ရှိတယ်။ ခက်ခက်ခဲခဲနဲ့ မယူခဲ့ရတဲ့အတွက် တန်ဖိုးမထား တာ တွေရှိရင်လည်း ရှိကြမယ်။ အဲဒါတစ်ခု တော့ စိုးရိမ်တယ်။ ကျန်တာကတော့ အရာအားလုံးပြည့်စုံပြီးသားပဲ" လို့ ပြော ပါတယ်။

အနုပညာလောကကို မော်ဒယ် ဘဝနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး သရုပ် ဆောင်တစ်ယောက်ဖြစ်ဖို့ အတွက် ဆရာကောင်းသမားကောင်းတွေနဲ့ ကိုယ့် လမ်းကို ကိုယ်ရှာခဲ့ရကြောင်း ပြောတဲ့ အေးမြတ်သူက ...

"အေးမြတ်သူက အနုပညာ လောကမှာ အသိလည်းတစ်ယောက်မှ မရှိခဲ့ဘူး။ နောက်မှ အပြင်က ကိုယ်နဲ့ သိတဲ့အစ်မတစ်ယောက်က Agency တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်။

အဲဒီက နေစပြီး မော်ဒယ်လောကရောက်ရှိခဲ့ပြီး ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်။ ပြိုင်ပွဲတွေ မှာလည်း ဆုတွေရရှိခဲ့တယ်။ Agency က ဦးချိုကြည်ကလည်း ဆရာ ဦးကျော်ဟိန်းနဲ့ အပ်ပေးခဲ့ တယ်။ကိုယ့်လမ်းကို ကိုယ် ရှာခဲ့ရ တယ်။ အေးမြတ်သူ ဆရာကောင်းသမား ကောင်းတွေနဲ့ တွေ့ခဲ့ တယ်။ တချို့ရင် ဆရာ ကောင်းသမား ကောင်း တွေ မတွေ့ဘဲ လမ်း မှား ရောက် သွားတာ တွေရှိတယ်" လို့အခက် အခဲဆိုတာ နေရာ တိုင်းမှာ ရှိတဲ့အတွက် အခက်အခဲတွေကျော် လွှားနိုင်ရင် အဲဒီက တစ်ဆင့် ဘဝသင် ခန်းစာ၊ အတွေ့ အကြုံ တွေ များစွာ ရရှိ လာ နိုင်ကြောင်း ပြောပါ တယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal


No comments:

Post a Comment