Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 13, 2013

သားဖြစ်သူကို ကျောင်းပြီးမှ အနုပညာ အလုပ် လုပ်စေချင်သူ မင်းမော်ကွန်း



မင်းမော်ကွန်းရဲ့ သားဖြစ်သူ ၉ တန်းကျောင်းသား မောင်မင်းမြတ်နှင့် သမီး ဖြစ်သူ လေပြေသွေး တို့ကလည်း အနုပညာကို ဝါသနာပါကြောင်း သိရသည်။ သားဖြစ် သူ မောင်မင်းမြတ် က ဇာတ်ကားတွေ ထဲမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး ‘ကလေး၊ ကုလား၊ ကလောသား’ ဆိုတဲ့ ဗီဒီယို ဇာတ်ကားထဲ မှာလည်း မင်းမော်ကွန်း၊ စိုးမြတ်နန္ဒာ ၊ ချမ်းမီမီကိုတို့နှင့် အတူ ပါဝင်သရုပ်ဆောင် ခဲ့သည်။

”အခုလို သားတွေသမီးတွေက အနုပညာကို ဝါသနာ ပါတာ ကတော့ သွေးထဲပါတဲ့ ဗီဇကြောင့်ပါပဲ” ဟုလည်း မင်းမော်ကွန်း က ပြောသည်။ ”သမီးကလည်း ဇာတ်ကား တအား ရိုက်ချင်တယ်။ ဒါပေမဲ့ သူက အစ်ကိုလို မဟုတ်ဘူး။ နည်းနည်းလူကြီး စိတ်လေးဆိုတော့ နည်းနည်းလေး ရှက်တတ်တယ်” ဟု သမီး လေပြေသွေးရဲ့ အကြောင်း မင်းမော်ကွန်း က ပြောပြသည်

ခိုင်ဝေလွင်

No comments:

Post a Comment