Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2013

အရွယ်တင် နုပျိုနိုင်သည့် လျှို့ဝှက်ချက်များ

ဆံပင်ပါးတာ သက်သာအောင် ဦးရေပြားကို ဂျင်ဆင်းနှင့် နှိပ်ပေးပါ
သင့်ဦးရေပြားကို အမေရိကန် ဂျင်ဆင်းနဲ့ နှိပ်နယ်တာကြောင့် ဦးရေပြား အတွင်း သွေးစီးဆင်းမှု ကောင်းအောင် နှိုး ဆွနိုင်ပြီး ဆံသားကြီးထွား တာနဲ့ သက် ဆိုင်တဲ့ ဆဲလ်အသစ်တွေ ထွက်လာအောင် လှုံ့ဆော်နိုင်တဲ့ အတွက် ဆံသားအသစ် တွေ ထွက်ရှိ လာနိုင်တယ်လို့ လေ့လာမှု အသစ်မှာ တွေ့ရှိ ထားပါတယ်။ အမေရိ ကန်ဂျင်ဆင်းအနှစ် တစ်စက်ကို ဂျိုဂျိုဘား အဆီ ၁၀ စက်နဲ့ ရောစပ်ပြီး ဦးရေပြား ပေါ် နေ့စဉ် ငါးမိနစ်မှ ၁၀ မိနစ် နှိပ်ပေးပါ။ ခေါင်းလျှော်ရည်ထဲကို ဗီတာမင် ဘီ (နိုင်ယာစင်)နဲ့ ရောစပ်ပြီး အသုံးပြုရင် ဆံသားထူထပ်လာနိုင်ပါတယ်။ ဦးရေ ပြားအတွင်း သွေးစီးဆင်းမှု ကောင်းမွန်စေ နိုင်တာကြောင့်ပါလို့ Weak Forest တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါ တယ်။
ဝမ်းဗိုက်ပူခြင်းမှ ကာကွယ်နိုင်အောင် အလေးမ လေ့ကျင့်ခန်းပြုလုပ်ပါ
ခွန်အား သန်မာစေတဲ့ လေ့ကျင့်ခန်း ကို တစ်ပတ်နှစ်ကြိမ် ပြုလုပ်ရုံနဲ့ အစာစား ပုံ ပြောင်းလဲစရာမလိုဘဲ ခန္ဓာကိုယ်မှ အဆီ လေးရာခိုင်နှုန်းနီးပါး လျော့ကျနိုင် ပါတယ်။ ဝမ်းတွင်းကလီစာ တွေမှာလည်း အဆီစုဆောင်းမှု မဖြစ်အောင်လည်း ကာ ကွယ်နိုင်ပါတယ်။ ဝမ်းတွင်း ကလီစာမှာ အဆီတွေ စုနေရင် နှလုံးရောဂါ၊ ဆီးချိုရော ဂါနဲ့ တခြားရောဂါကြီးတွေ ရရှိနိုင်တယ် လို့ ပင်ဆာဗေးနီးယား ဆေးတက္ကသိုလ်မှ သုတေသီ တွေက ဆိုပါတယ်။ အလေးမ လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီ တွေကို ကယ်လိုရီအဖြစ် လောင်ကျွမ်းစေ နိုင်တဲ့ြွကက်သားတည်ဆောက်မှုကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုကို ဦးဆောင်သူက ပြောပါတယ်။
ယောဂကျင့်ပါ
လူလတ်ပိုင်းအရွယ် လူပေါင်း ၁၅၅၀ဝ ယောက်ကို မကြာခင်က ပြုလုပ် တဲ့ လေ့လာမှုအရ ယောဂကျင့်စဉ်ကို တစ်ပတ် တစ်ကြိမ် မိနစ် ၃၀ ပြုလုပ်သူ တွေဟာ နောက်ထပ် ၁၀ နှစ်တာ ကာလ အတွင်း ကိုယ်အလေးချိန် မမြင့်တက်လာ တဲ့အပြင် အလေးချိန် ငါးပေါင်ခန့် ကျ ဆင်းသွားတယ်လို့ သိရပါတယ်။ ယောဂ ကျင့်စဉ်ပြုလုပ်တာကြောင့် ဗိုက်ပြည့်တင်း နေပြီလို့ အချက်ပြနေတဲ့အတွက် အစာ လျှော့စားဖြစ်တာကြောင့်လို့ ဆိုပါတယ်။
၁၂ နှစ်ခန့်အရွယ် နုပျိုသွားအောင် ချစ်တင်းနှောပါ
ချစ်တင်းနှောတဲ့ လင်မယားစုံတွဲတွေဟာ သူတို့ အမှန်တကယ် ရှိရမယ့် အသက် ထက် ၁၂ နှစ်ခန့် ငယ်ရွယ်နုပျိုနိုင်တယ် လို့ စကော့တလန်နိုင်ငံ အီဒင်ဘာရာ ဆေးရုံမှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ချစ်တင်း နှောတာကြောင့် ငယ်ရွယ်နုပျို နိုင်တဲ့ စိတ်ခံစားမှု မြင့်တက်စေပြီး စိတ် ဖိစီးမှုလျော့ကျတာ၊ နာကျင်မှု သက်သာ ပြီး အိပ်စက်မှု ကောင်းစေတဲ့ အင်ဒိုဖင်နဲ့ အောက်ဆီတိုစင်ဟော်မုန်းတွေ ထွက်ရှိ လာတာကြောင့်လို့ ရှင်းပြပါတယ်။
ငယ်ရွယ်နုပျိုအောင် ပြုံးပါ 
လေ့လာမှုတစ်ခုမှာ ပြုံးနေသူနဲ့ မပြုံး သူတွေရဲ့ အသက်တွေကို ခန့်မှန်းခိုင်း ကြည့်ရာ ပြုံးသူတွေဟာ မပြုံးသူတွေထက် များစွာ ငယ်ရွယ်နုပျိုနေတာကို တွေ့ရှိခဲ့ ပါတယ်။ စိတ်ချမ်းသာနေတာကြောင့် ပျော်ရွှင်နေကြတာ ဖြစ်တဲ့အတွက် ပြုံး နေသူတွေဟာ ငယ်ရွယ်နုပျို ကြတာပါလို့ သုတေသီတွေက မှတ်ချက်ပေးပါတယ်။
ငယ်ရွယ်သည့် အသွင်ဆောင်ရန် နှုတ်ခမ်းနီဆိုးပါ
Gettysburg ကောလိပ်မှ လော လောလတ်လတ် လေ့လာမှုအရ နှုတ်ခမ်း နီအနီရောင် ဆိုးထားသလိုမျိုး သင်ရဲ့ မျက်နှာအသွင်အပြင် ပေါ်လွင်အောင် မိတ်ကပ်လိမ်းထားတာဟာ ငယ်ရွယ်နု ပျိုတဲ့အသွင်ဆောင်နိုင်တယ်လို့ သိရပါ တယ်။ လက်ရှိအသက်ထက် ၁၀ နှစ် ပိုမို ငယ်သွားအောင် နှုတ်ခမ်းနီ အရောင်ရင့် ဆိုးတာ၊ မျက်လုံးမှာ Eye Shadow ဆိုးတာနဲ့ Eye Liner ဆွဲတာတွေ ပြု လုပ်ပေးပါ။
သင့်လက် ငယ်ရွယ်မှု အသွင်ဆောင်နိုင်စေရန် လက်စွပ်ဝတ်ပါ
ရိုက်ပြီး အသက်ခန့်မှန်းခိုင်းကြည့်ရာ လက်စွပ်နဲ့ လက်ကောက် ဝတ်ထားသူ တွေဟာ ဘာမှ မဝတ်ဆင်သူ တွေထက် လက်ရှိရှိတဲ့ အသက်ထက် ငယ်ရွယ်တယ် လို့ ခန့်မှန်း ခံရပါတယ်။ လက်သည်းနီဆိုး ထားသူတွေ ဟာလည်း ငယ်ရွယ်တယ်လို့ ခန့်မှန်း ခံရပါတယ်။ လက်သည်း ဆိုးထား တာနဲ့ လက်ဝတ် လက်စားဝတ်ထားတာ ကြောင့် မျက်စိအမြင်ကို ဆွဲဆောင်ထား တဲ့အတွက် အသက်ကြီးတဲ့ လက္ခဏာ တွေ ဖြစ်တဲ့ အရေပြားပါးတာ၊ ခြောက် သွေ့တာနဲ့ မှဲ့စက်တွေကို မမြင်သလို ဖြစ် သွားလို့ပါ။
 လက်ကို Moisturizer လိမ်းပါ
လက်ဆေးပြီးတိုင်း လက်ကို Moisturizer ပြန်လိမ်းပါ။ လက်မှ အရေပြား တွေဟာ အဆီထုတ်လုပ်မှု နည်းပါးတဲ့ အတွက် လိမ်းတာကြောင့် အသားအရေစွတ်စိုမှုရှိစေနိုင်ပါတယ်။ ဒါ့အပြင် လက်ချောင်းတွေဟာ မှဲ့ခြောက် တွေ အရင်ဆုံး စတင်ထွက်ပေါ် နိုင်တဲ့ နေရာဖြစ်တာကြောင့် sunscerrn လိမ်း ပေးပါ။
အရွယ်တင်နုပျိုအောင် ဆေးလိမ်းပါ
ဆေးလိပ်ဖြတ် လိုက်တာနဲ့ ၁၀ နှစ်ခန့် အရွယ်တင် နုပျိုနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ဆေးလိပ်ဖြတ် တာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး 'ဆေးလိပ်မျက်နှာ'ရဲ့ လက္ခဏာဖြစ်တဲ့ အသား ညိုညစ်ညစ်ဖြစ်တာ၊ မျက်လုံး ဟောက်ပက်ဖြစ်တာနဲ့ မျက်လုံးနဲ့ပါးစပ် တစ်ဝိုက် အရေးကြောင်း ပေါ်တာတွေကို ပြန်လည် ပြုပြင်နိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment