Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ရည်းစားဟောင်းကို ကားဖြင့်တိုက်ရန်ကြိုးပမ်းသူ သစ်ပင်ဖြင့်သာ မိတ်ဆက်



အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ အမျိုးသမီးတစ်ဦးသည် ရည်းစား ဟောင်းကို ကားဖြင့် တိုက်ရန်ကြိုးပမ်းခဲ့သော်လည်း သစ်ပင်ဖြင့်သာ မိတ်ဆက်ခဲ့သည်။ ဗီရိုနီကာ ဒေါက်တာ အမည်ရှိ အမျိုးသမီးသည် အရက်သေစာများ သောက်စားမူးယစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် ရည်းစားဟောင်း ၏ နေအိမ်သို့ သွားရောက်ကာ နှစ်ဦးသားအချင်းများပြီး ယင်းသို့ ရည်းစားဟောင်းကို ကားဖြင့်တိုက်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ ရည်းစားဟောင်းဖြစ်သူက တိမ်းရှောင်ခဲ့သဖြင့် ဗီရိုနီကာ မောင်းနှင်လာသော ကားသည် အရှိန်လွန်ပြီး သစ်ပင်ကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ ဗီရိုနီကာကို ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့ပြီး ပြန်လည်သက်သာပါက အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်မောင်းမှု၊ ရည်းစားဟောင်းဖြစ်သူကို ကားဖြင့်တိုက်ရန် ကြိုးပမ်းမှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံ စုံစမ်းစစ်ဆေးရေး ရဲအရာရှိ ကိုနီနာက ပြောကြားသွားခဲ့သည်။
 ပြည်မြန်မာ

No comments:

Post a Comment