Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 24, 2013

ပထမဆုံး ကိုယ်ဝန် ဆောင်တဲ့ ယောင်္ကျား

ယောကျာင်္းတွေ ကိုယ်ဝန်ဆောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်မိကြမှာပါ။ အခုလို ခေတ်မှာတော့ အရာတိုင်းက မဖြစ်နိုင် ဘူးဆိုတာ မရှိဘူး ဆိုတာကို Thomas Beatie "The Pregnant Man"ကသက်သေ ပြလိုက်ပါတယ်။


သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုယ်ဝန် ဆောင်တဲ့ ယောင်္ကျား တစ်ယောက် အဖြစ် ကျော်ကြား ခဲ့တဲ့သူ တစ်ယောက် ဖြစ်ပြီး လိင်ပြောင်းလဲ ထားသူတွေမှာ နာမည် အကျော်ကြားဆုံး သူတွေထဲက တစ်ယောက်ပါ။ သူ့ဘ၀ကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Tracy Lehuanani LaGondino အဖြစ်နဲ့ မွေးဖွားလာတဲ့ Thomas Beatie က Honolulu, Hawaii မှာကြီးပြင်းလာတဲ့ သူတစ်ယောက်ပါ။ မိန်းကလေး အဖြစ်နဲ့ မွေးဖွားလာ ခဲ့ပြီး ငယ်စဉ် တုန်းကဆို မော်ဒယ် တစ်ယောက် အနေနဲ့ Miss Teen Hawaii USA ပြိုင်ပွဲတောင် ၀င်နွှဲခဲ့တဲ့ သူဖြစ်ပြီး သူမပုံရိပ်ကို ရုပ်မြင်သံကြား တွေမှာ မကြာခဏ မြင်ခဲ့ ရပါသေးတယ်။ အားကစား ဘက်မှာလည်း ထူးချွန်ပြီး black belt ရထားတဲ့၊ တိုက်ကွမ်ဒို ချန်ပီယံ တစ်ယောက်ပါ။ သူအသက် ၁၀နှစ် အရွယ်ကတည်းက ယောကျာင်္းလေး စိတ်ပေါက်နေတယ် ဆိုတာကို သိခဲ့ပြီး အသက် ၂၃နှစ်မှာတော့ ယောကျာင်္း အဖြစ်နဲ့ ရှင်သန်ဖို့ testosterone hormone treatment ယူခဲ့ပါတယ်။ အစကတော့ lesbian ပေါ့။ နောက်တော့ သူ့ရဲ့ ချစ်သူ Nancy Roberts နဲ့လက်ထပ်ဖို့ အတွက် လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ အဲ့အချိန် တုန်းက Hawaii မှာ same sex marriage ကိုခွင့်မပြုတဲ့ အချိန် ဆိုတော့ Oregon ကိုပြောင်းရွေ့ ခဲ့ကြပြီး ပျော်ရွှင်တဲ့ မိသားစု ဘ၀ကို ထူထောင် ခဲ့ကြပါတယ်။

လက်မထပ် ခင်ကတည်းက Nancy Roberts ကကျန်းမာရေး ပြဿနာ တွေကြောင့် hysterectomy (သားအိမ် ဖယ်ထုတ်) ထားရပါတယ်။ Thomas ကလည်း လိင်ပြောင်းလဲ တုန်းက chest reconstruction နဲ့ testosterone therapy ကိုလုပ်ခဲ့ ရပေမယ့် သူ့ရဲ့ မိန်းမ မျိုးပွားအင်္ဂါ တွေကို ဆက်ထိန်းထား ပါတယ်။ ဒါကြောင့်မို့ Thomas ကဥပဒေ အရ ယောင်္ကျား ဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်က ကလေးယူဖို့ ဆုံးဖြတ် ခဲ့ကြပြီး male hormones ဆေးသောက်တာကို နားလိုက်ပြီး ဓမ္မတာ ပြန်လာစေ ပါတယ်။ fertility treatments မယူဘဲ sperm လှုမယ့်သူ ရှာပြီး သဘာဝ အတိုင်း ကလေးယူဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ပထမ သားဦး တုန်းက အသက် အန္တရာယ် ရှိတဲ့ သုံးမွှာပူး မွေးဖို့ ကြိုးစား ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ နောက်တစ်ကြိမ် ၂၀၀၈ မှာတော့ သမီးလေး Susan ကိုအောင်အောင် မြင်မြင် မွေးဖွားခဲ့ ပါတယ်။ သူရဲ့ ကိုယ်ဝန်ဆောင် ဖခင် အဖြစ် ဆက်နေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်က သူ့ကို ကျော်ကြား စေခဲ့တဲ့ အကြောင်းရင်းပါ။ သူကတော့ ဗိုက်ကြီးလာပြီး အထဲမှာ ကလေးလေး ရှိနေတာက လွှဲလို့ သူက အရင်လို တည်ငြိမ်၊ ယုံကြည်မှု ရှိတဲ့ ယောကျာင်္း တစ်ယောက် ဖြစ်နေဆဲပါလို့ ဆိုခဲ့ပါတယ်။

ဆရာဝန်တွေ တချို့ကတော့ သူ့ကို ကုသမှု ပေးဖို့ ငြင်းဆန် ခဲ့ပြီး ခွဲခြားဆက်ဆံမှု တွေလည်း ရှိခဲ့ပါတယ်။ ဆရာဝန် တွေက "The Pregnant Man" အနေနဲ့ ကလေးမှာ ဘာအကျိုး သက်ရောက်မှုတွေ ရှိသွားမလဲ၊ ကလေး ကြီးလာတဲ့ အခါမှာကော ဒီဖြစ်ရပ်ကို ဘယ်လို ခံယူမလဲ စသဖြင့် မေးခွန်း ထုတ်ခဲ့ ကြပါတယ်။ သူ့ရဲ့ ကိုယ်ဝန် ကိုလည်း hoax လို့ထင်မြင်တဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံး ကိုယ်ဝန်နဲ့ ဓာတ်ပုံတွေ Fox news ကထွက်လာတဲ့ အခါ အသံတိတ် သွားကြ ပါတယ်။ ၂၀၀၉မှာတော့ ဒုတိယသား Austin နဲ့ ၂၀၁၀မှာ Jensen တို့ကို မွေးဖွား ခဲ့ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင် နေခဲ့ ကြပါတယ်။ ၂၀၁၂ မှာတော့ Thomas နဲ့ Nancy တို့ကွာရှင်းဖို့ တရားရုံးကို လျှောက်ထား လိုက်တဲ့ သတင်း ထွက်လာ ပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှုတွေ ပြုလုပ်ခဲ့ ကြတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အချင်းချင်း အပြန်အလှန် ရင်ဆိုင် ခဲ့ကြပြီး Arizona တရားရုံးက သူတို့ နှစ်ယောက်ရဲ့ လက်ထပ်မှုကို အသိအမှတ် မပြုခဲ့ဘဲ ကွာရှင်းမှုကို ပလပ်လိုက် ပါတယ်။

Arizona တရားရုံး အနေနဲ့ Thomas ရဲ့လိင်ကို တိတိကျကျ ခွဲခြားနိုင်တဲ့ အာဏာ မရှိတဲ့ အပြင် Hawaii လိုပဲ same-sex marriage ကိုအသိအမှတ် မပြုတာကြောင့် Thomas ကိုပြည်နယ် ဥပဒေ အရ မိန်းကလေး အနေနဲ့သာ မှတ်ယူ ထားပြီး ဒီ၁၀နှစ်ကြာ လက်ထပ်မှုကို အသိအမှတ် မပြုပါဘူးလို့ ဖြေရှင်းခဲ့ ပါတယ်။ ကလေးတွေရဲ့ အရေးနဲ့ ပတ်သက် ပြီးတော့လည်း အငြင်းပွား ခဲ့ကြပြီး Oregon ပြည်နယ် ဥပဒေ အရ အဖေက Thomas၊ အမေက Nancy အဖြစ် စာရင်းသွင်း ထားခဲ့ ကြပါတယ်။ အငြင်းပွား မှုတွေ နောက်ဆုံး မှာတော့ ကွာရှင်းခွင့် ပြုလိုက်ကြပြီး ကလေးတွေရဲ့ နောင်ရေး အတွက် တစ်လကို $၂၄၀ ထောက်ပံ့ပြီး ကျန်တဲ့ကိစ္စ တွေကိုတော့ သာတူ ညီမျှ လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်။ Thomas ကအခု Phoenix, Arizona မှာသူ့ကလေး ၃ယောက်နဲ့ လက်ရှိ ရည်းစား Amber Nicholas နဲ့တူတူ နေနေ ပါတယ်။

By MYMC

No comments:

Post a Comment