Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

ငွေထည်များကို သန့်ရှင်းတောက်ပြောင်စေနည်းများ


 
(၁)မုန့်ဖုတ်ဆိုဒါနှင့်ရေ
ရေနွေးနွေးထဲတွင် မုန့်ဖုတ်ဆိုဒါဖြစ်လာသည် အထိရောပါ။ ငွေထည်ပေါ်သို့ အနှစ်ကိုသွားပွတ်တံ အဟောင်းဖြင့် သုတ်ပါ။ ယင်းနောက်အခြောက်ခံပြီး အဝတ်နှင့် သုတ်လိုက်ပါ။

(၂) အလူမီနီယမ်သတ္တုပြား၊ ရေ နှင့် ဆပ်ပြာ
ပလတ်စတစ်ပန်းကန်လုံးထဲသို့ အလူမီနီယမ် ပြားကို ခံပြီးထည့်ပါ။ ပန်းကန်လုံးမှာ ပလတ်စတစ်အမျိုး အစားသာဖြစ်ရမည်။ မည်သို့သောသတ္တုအမျိုးအစားနှင့် လုပ်သောပန်းကန်မျိုးမဖြစ်စေရပါ။ ငွေကို ပန်းကန်လုံးထဲ ထည့်ပါ။ ငွေသားအားလုံးအလူမီနီယမ်ပြားနှင့် ထိနေ ရမည်။ ဆပ်ပြာရည်ကော်ဖီပန်းကန် လုံးနှင့် ၁/၄ကို ငွေ ပေါ်ကို လောင်းထည့်ပါ။ တဖန်ဆူနေသောရေနွေးကို ငွေပေါ်သို့လောင်းချပြီး (၁၅)မိနစ် စိမ်ပါ။ ထို့နောက် ငွေကို ဆယ်ထုတ်ပြီး နူးညံ့သောအဝတ်စဖြင့် ပြောင် အောင်တိုက်ပါ။

(၃)သွားတိုက်ဆေး
များသောအားဖြင့် ငွေကို သွားတိုက်ဆေးဖြင့် သန့်စင်လေ့ရှိကြသည်။ သို့သော် ယင်းသွားတိုက်ဆေး တွင် မုန့်ဖုတ်ဆိုဒါပါဝင်နှုန်းများရမည်။ သွားဖြူအောင် လုပ်သောသွားတိုက်ဆေးမျိုးကို ရှောင်ပါ။ ဓာတုပစ္စည်း ပါဝင်နှုန်းမြင့်လျှင် ငွေကို ထိခိုက်စေသည်။ ငွေကို သွား တိုက်ဆေးနှင့်ပွတ်ပါ။ ရေနွေးသွက်သွက်ဖြင့် သွားတိုက် ဆေးအမြုပ်ဖြစ်အောင် လောင်းချပါ။ ငွေသားသစ်လွင် တောက်ပလာပါမည်။

ဒေါန
Health Updates Journal
Vol.2, No.27

Health Updates Journal

No comments:

Post a Comment