Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 1, 2013

သြစတြေးလျ ကမ်းခြေတွင် ကမ္ဘာလှည့်များ အသားစား မိကျောင်းများနှင့်အတူ ရေကူးနိုင်


 
အသားစားမိကျောင်းများ ပေါများသော သြစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင်မြို့ ခရိုကိုဆာရက် ပင်လယ်ကွေ့ အနီးတွင် ကမ္ဘာလှည့်ခရီးသွားများသည် ကျည်ထောက်ဘူးပုံစံ လှောင်ချိုင့်များ အတွင်း ၀င်ရောက်ကာ မိကျောင်းများနှင့်အတူ ရေကူးနိုင်ရန် ကမ္ဘာလှည့်ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီများက စီစဉ်လျက် ရှိသည်။ ထို့ပြင် နယူးဆောက်သမ်ဝေး ကမ်းရိုးတန်းဒေသအတွင်း ရေအောက်သို့ နစ်မြုပ်လျက်ရှိသော ၁၃၈ မီတာ(၄၅၃ပေခန့်) ရှည်လျားသည့် စစ်သင်္ဘောအနီးတွင် ကျက်စားနေသော ရေဘ၀ဲနှင့် အခြား ပင်လယ်သတ္တ၀ါများကိုလည်း ထိုကဲ့သို့ သွားရောက်လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် ဘုရှ်ဘတ်စကား လေ့လာရေး ခရီးစဉ်အဖြစ် သားပိုက်ကောင်များ ပေါများသော တောနက်အတွင်းကို သွားရောက်နိုင်ရန် သြစတြေးလျ ကမ္ဘာလှည့်ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများမှ စီစဉ်လျက် ရှိကြောင်း သိရသည်။

  ပြည်မြန်မာ

No comments:

Post a Comment