Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 25, 2013

Best Bodies 2012 ဆုရှင် Kim Kardashian





 




အမေရိကန်နာမည်ကြီး မော်ဒယ်လ်ကင်မ်ကာဒရှိန်း ဆိုရင် စာဖတ်သူ အမျိုးသား တွေတော်တော်များများသိပြီးဖြစ်မယ်လို့ထင်ပါတယ်။
လိင်ဆွဲဆောင်မှုအားကောင်းပြီး ပုရိသယောင်္ကျားတွေရဲ့ ပါးစပ်ဖျားမှာ
အောင်မြင်ရေပန်းစားခဲ့ တဲ့အဆိုပါ အမေရိကန်မော်ဒယ်လ်ရဲ့
မွေးဖွားရာဇာတိက အောက်တိုဘာ၂၁၊၁၉၈၀ခုနှစ်၊
အမေရိကန်နိုင်ငံ၊လော့အန်ဂျလိစ် မှာပါ။

အထက်တန်းကျောင်းသူဘဝ Marymount High School မှာသာ ပညာတတ်ရောက်သင်ကြားခဲ့သူပါ။အနုပညာကို ဝါသနာပါသူဖြစ်တဲ့ အတွက်
ရုပ်သံတင်ဆက်သူ၊မော်ဒယ်လ်၊ဖက်ရှင်ဒီဇိုင်နာနှင့် မင်းသမီး စတာတွေကိုလုပ်ဆောင်နေသူပါ။

လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားသူပီပီ ထုတ်လုပ်သူ ပရိုဂျူဆာတွေရဲ့  လိင်အသားပေးဇာတ်ဝင် ခန်းတွေမှာ
ထည့်သွင်းသရုပ်ဆောင်စေခဲ့ သလိုကြည့်ရှုသူ ပုရိသတွေ
ရဲ့ အာပေးနှစ်ခြိုက်မှုကိုရရှိခဲ့ပါတယ်။

နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းတွေတော်တော်များများမှာလည်း ဆွဲဆောင်ဖွယ်ကောင်းတဲ့ Sexy အကတွေနဲ့ပါဝင်သရုပ်ဆောင်ခဲ့သလို ၂၀၀၇ ခုနှစ်မှာ နာမည်ကျော် Playboy magazine မှာအဖော်
အချွတ်တွေနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါသေးတယ်။

ဒါတင်မကပါဘူး လိင်အသားပေးရုပ်ရှင် ကုမ္ပဏီဖြစ်တဲ့ Vivid Entertainment
နှင့် ဒေါ်လာ ၅သန်းတန်ကြေးရှိတဲ့ ဇာတ်ကားမှာပါပါဝင် ရိုက်ကူးခဲ့ ပါသေးတယ်။ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းတစ်လျှောက် လိင်အသားပေး ဇာတ်ကားတွေကို များစွာပါဝင်သရုပ် ဆောင်ခဲ့သလို
ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲမင်းသမီးအဖြစ်လည်းနာမည်ကျော်သူပါ။

ဆွဲဆောင်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် Kim
ဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဆွဲဆောင်မှု ခန္ဓာကိုယ်အလှပိုင်ရှင်
Best Bodies 2012 ဆုကိုရရှိခဲ့သူပါ။

အောင်မြင်မှုများစွာနဲ့ Kim ဟာလက်ရှိအချိန်ထိ ကြွယ်ဝချမ်းသာမှုအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀ အထိကြွယ်ဝပိုင်ဆိုင်သူလည်းဖြစ်တယ်။
ဘဝလက်တွဲဖော်အဖြစ် Damon Thomas(2000-2004),
အမေရိကန် ဘက်စကက်ဘောကစားသမား Kris Humphries(2011-2013)
အထိလက်တွဲခဲ့ပြီး လက်ရှိမှာတော့ အမေရိကန်နာမည်ကျော်အဆိုတော် Kanye West(2012-present) နဲ့ဇာတ်ပေါင်းထုပ်နေသူပါ။

 နာမည်ကျော် celebrity ဖြစ်သူပီပီ အိမ်ထောင်ရေးဘက်မှာလည်း ယခုချိန်ထိ Kris Humphries နဲ့ Kanye West ကြားရှုပ်ထွေးမှုတွေ ရှိနေသူပါ။

လက်ရှိမှာတော့ Kim ဟာ ခင်းပွန်းသည် Kayne အတွက် သမီးလေး
(North West)ကိုပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်နေ့က လော့အန်ဂျလိစ်ဆေးရုံဖြစ်တဲ့ Cedars-Sinai Medical Center မှာမွေးဖွားခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

Khun Nay(Fashion & Design)
http://www.naytunmedia.com/2013/07/best-bodies-2012-kim-kardashian.html

No comments:

Post a Comment