Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 17, 2013

အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်း သို့မဟုတ် White House Down ရုပ်ရှင်

အမေရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့ မသိဘူး။ White House Down ရုပ်ရှင်ထဲမှာတော့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန် အိမ်ဖြူတော် ကို မြင်တွေ့ရမှာပါ။

အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေ။ Paramilitary လို့ခေါ်တဲ့ အစိုးရလက်အောက်က မဟုတ်သော အမေရိကန် စစ်တပ်တစ်ခုရဲ့  ပုန်ကန်မှုအကြောင်းလေးပါ။ အာဏာသိမ်းဖို့ အတွက် အိမ်ဖြူတောကို ထိုးစစ်ဆင်တယ်။ သမ္မတရဲ့  Air Force One လေယာဉ်ကို ပစ်ချတယ်။ သမ္မတကို သတ်ဖို့ ကြိုးစားပါတယ်။Secret Agent မှ အပယ်ခံတဲ့ အမေရိကန် သာမန် ရဲ တစ်ယောက် ဖြစ်တဲ့ John Cale မှ သူရဲကောင်း လုပ်မယ့် ရပ်ရှင်လေးပါ။ သူ့နေရာမှာ ယခု နောက်ပိုင်း ဇာတ်ကား အထွက်များလာတဲ့ Channing Tatum အမည်ရ မင်းသားက ပါဝင်ပါမယ်။ G.I.Joe ထဲကလို Battle အက်ရှင်ကောင်းကောင်းနဲ့ Channing က သရုပ်ဆောင်ထားပါတယ်။

တမူထူးခြားတဲ့ အမေရိကန် နိုင်ငံရေး အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင် ကြည့်ရှု လို သူများအတွက် Columbia Pictures မှ ဇွန်၂၈ ရက်နေ့မှာ ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရပါတယ်။

Credit To:International news for myanmar

No comments:

Post a Comment