Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 23, 2013

ကမ္ဘာပတ်မည့် Tube ကား



 တစ်နာရီ ကီလိုမီတာ ၆၅၀၀ ပြေးမယ့် ကား ပရော်ဂျက် ဖြစ်ပါတယ်။ ဒီအတွက် ဒီဇိုင်းအနေနဲ့ပဲ ရှိပါသေးတယ်။

တစ်နာရီ ကီလိုမီတာ ၆၅၀၀ ပြေးရလောက်အောင် တီထွင်ဖန်တီးမှုက နည်းပညာ အသစ်ပါ။ လေလုံးမဝ မရှိတဲ့ ပိုက်လိုင်းထဲကို ဆလင်ဒါ လုံး ထည့်လိုက်သလိုပဲ ဖြစ်ပါတယ်။ သံလိုက်ဓာတ်နဲ့ ခရီးသွားမှာ ဖြစ်ပြီး အမေရိကန်ကနေ တရုတ်ပြည်ကိုတောင် ၂ နာရီအတွင်း အရောက်သွားလို့ ရမယ့် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုး ဖြစ်ပါတယ်။

၁၆ ပေရှည်တဲ့ ဆလင်ဒါ ဖြစ်ပြီး တစ်ခါခရီးသွားဖို့အတွက် လူ ၆ ဦးအထိ ဆံ့ ပါတယ်။ ပရော်ဂျက်အရ ၄ ဦး သို့မဟုတ် ၆ ဦးလို့ သတ်မှတ်ထားတာပါ။ တကယ် ထုတ်လုပ်တဲ့အချိန်က ၆ ထက်ကမလည်း များနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပိုက်လိုင်းများသီးသန့်ဖောက်ရအုံးမှာ ဖြစ်ပါတယ်။ လေဟာနယ် ပိုက်လိုင်း တည်ဆောက်ဖို့က ကုန်ကျစရိတ်များစေမယ့် ပရော်ဂျက် တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
.
ဗီဒီယို ကြည့်ရှုရန် -
http://youtu.be/51HbmuKhRbk

Colay:Automobile

.
http://www.colay.com.mm/automobile/news/detail/639



No comments:

Post a Comment