Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

Jailbreak Features အဖြစ်မှ iOS 7 ရဲ့ Features အဖြစ်သို့ရောက်ရှိလာခဲ့သော Features များ




 
**Live Clock**
-------------------------
Live Clock ဆိုသည်မှာ နာရီ icon ပေါ်တွင် တကယ့်အချိန်အတိုင်းပြသပေးခြင်းဖြစ်သည်။ ယခင်က Jailbreak Tweak အဖြစ်ရှိခဲ့သော Features ဖြစ်ပြီး ယခုအခါ iOS 7 ၏ နာရီ icon တွင်လည်း Live Time ပြသည့် icon အဖြစ်ထည့်သွင်းလာခဲ့ခြင်းဖြစ်သည်။

**The App Switcher**
-----------------------------
Dash ဆိုသည့် Jailbreak tweak မှာ iOS 6 တွင် run ထားသော application တစ်ခုမှတစ်ခုသို့ Preview Screen ဖြင့် အလွယ်တကူပြောင်းသော Features ဖြစ်သည် ။ ယင်း Jailbreak tweak နှင့်ဆင်တူသော App Switcher ဟူသော အမည်ဖြင့် iOS 7 တွင် run ထားသော app များကို preview screen ဖြင့် တစ်ခုမှတစ်ခုသို့ပြောင်းသုံးနိုင်သော Features Built-in ပါဝင်လာခဲ့သည်။

**Control Center**
-------------------------------
Jailbreak Tweak များတွင် SB Setting သည် နာမည်ကြီး tweak တစ်ခုဖြစ်ပြီး iOS notification bar တွင် Android Notification bar ကဲ့သို့ Wifi ခလုတ် ၊ Bluetooth ခလုတ် ၊ Brightness ခလုတ်များ အလွယ်တကူထည့်သွင်းထားခြင်းဖြစ်သည်။ ယင်း Features နှင့်ပုံစံတူအနေဖြင့် Control Center ဟူသော Features သည် iOS 7 တွင် Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်

** Folder **
----------------------------
iOS Jailbreak Tweak များတွင် Folder Enhancer နှင့် Infini Folder တို့သည်လည်း နာမည်ကြီး tweak များဖြစ်သည်။ ယင်း Tweaks များသည် app များကို Folder တစ်ခုထဲတွင်စုပြုံထည့်ထားနိုင်ပြီး ၊ Folder ထဲတွင် Folder များထပ်ထည့်နိုင်သည် ။ Folder ထဲတွင်ပင်စာမျက်နှာများအကန့်အသတ်မရှိသတ်မှတ်နိုင်သည် ။ ယင်း Features နှင့်ခပ်ဆင်ဆင်ပုံစံတူ အနေဖြင့် Folder ဟူသော Features သည် iOS 7 တွင် Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်

**Dynamic Wallpaper**
-------------------------------
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweak များထဲတွင် Live Paper သည်လည်းနာမည်ကြီး Tweak တစ်ခုဖြစ်သည် ။ Live Paper သည် Android တွင် Live Wallpaper ထည့်သွင်း၍ရသကဲ့သို့ iOS တွင်လည်း ထည့်သွင်း၍ရစေရန် လုပ်ဆောင်ပေးနိုင်သည်။ ယင်း Live Paper Features နှင့်ပုံစံတူ "Dynami Wallpaper" ဟူသော အမည်ဖြင့် Features သည် iOS 7 တွင် Built-in features အနေဖြင့်ပါဝင်လာခဲ့သည်။

**Tabs**
--------------------
iOS 6 တွင် အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Tab + ဟူသော tweak သည်လည်း နာမည်ကြီး tweaks တစ်ခုဖြစ်သည် ။ ယင်း Tweaks သည် iOS ၏ Safari Browser တွင် Website များအား Tab တစ်ခုပြီးတစ်ခုတစ်ပြိုင်နက် Unlimited ဖွင့်ထားစေနိုင်သည်။ ယင်း Features နှင့်ချွတ်စွပ်တူသော Tabs ဟူသော အမည်ဖြင့် features သည် iOS 7 ရဲ့ Safari Browser တွင် Built-in ပါဝင်လာခဲ့သည်။

**Notification Center on Lock screen**
--------------------------------------------
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Bulletin ဟူသော Tweaks သည်လည်းနာမည်ကြီးသည်။ Bulletin သည် Lock Screen ပိတ်ထားသည့် အနေအထားတွင် ဖုန်းရဲ့ Notification Bar မှ noti များအား ဆွဲချကြည့်ရှုနိုင်စေရန်လုပ်ဆောင်ပေးသည်။ ယင်း Features နှင့်ပုံစံတူ " Notification Center on Lock screen " ဟူသော features သည် iOS 7 တွင် Built-in ပါဝင်လာခဲ့သည်။


ဒါကတော့ iOS 7 မှာပါဝင်လာတဲ့ Jailbreak tweak တွေရဲ့ Features များပဲဖြစ်ပါတယ်။ Pandaapp ကနေ ပြန်လည်မှီငြိမ်းပြီးအဆင်ပြေအောင် ဘာသာပြန်ဆိုထားပါတယ်။ အားလုံးပဲ ဗဟုသုတရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

သက်နိင်စိုး (Myanmar Mobile App Store)
www.myanmarmobileapp.com
 




No comments:

Post a Comment