Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2013

Bobby Soxer ရဲ့ သီချင်းတွေကို အကြံဥာဏ်ပေးတဲ့သူ




Bobby Soxer (ထက်ထက်)က ဆီးဂိမ်း အားကစားပြိုင်ပွဲ အကြို လှုံ့ဆော်မှု  ဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ပြင်ဦး လွင်မြို့ကို ရောက်ရှိ နေပါတယ်။ သူ့အနေ နဲ့ဖျော်ဖြေ ပွဲတွေကို မြန်မာနိုင်ငံ အနှံ့သွား ဖြစ်နေပြီး မြို့ကြီးတွေမှာတင် ဖျော်ဖြေဖြစ် တာမဟုတ်ဘဲ မြို့ကြီးတွေ ကနေ ဆက်သွားရ တဲ့ နယ်မြို့ လေးတွေပါ ဖျော်ဖြေဖြစ်တယ် လို့ပြောပါတယ်။

နယ်ပရိသတ် တွေကတော့ အမြဲတွေ့နေကျ မဟုတ်တာကြောင့် သူတို့ ဖျော်ဖြေတဲ့ အခါမှာ တအားကို အားပေးကြ တယ်လို့ပြောပြီး မဖျော်ဖြေခင် ကတည်းက ပရိသတ်က ခဏခဏ လာကြည့်နေတော့ ပရိသတ်ရဲ့ ချစ်ခင်နွေးထွေးမှုရ လို့ ပျော် တယ်လို့ ထက်ထက်က ပြောပါတယ်။ ထက်ထက် တစ်ကိုယ်တော် အခွေအတွက် ရော ပြင်ဆင်ထားတာ ရှိလားဆိုတော့..

”ထက်ထက်တို့ ဒုံးပျံထွက်ပြီးတာနဲ့ ထက်ထက် တစ်ကိုယ်တော်ခွေအတွက် ပြင် ဆင်ပါမယ်။ ထက်ထက်က သီချင်းတွေကို သူ များတွေကို လည်းမ အပ်ဖြစ်တော့ ကိုယ်တိုင်ရေးဖို့ အကြောင်း အရာတွေကို သေချာစဉ်းစားပြီး လုပ်တယ်။ ပရိသတ်ကိုယ့်ကိုစိတ်ဝင်စားတုန်းမှာ တစ် ကိုယ်တော်ခွေ ကိစ္စကို ပြီးချင်တယ်။ အဲဒါ ကြောင့် အခုသီချင်းရေးတဲ့ဘက်ကို ပြန်Run နေတယ်” လို့ပြောပါတယ်။

ထက်ထက် စတိတ် ပေါ်မတက်ခင် မေးေ နတာဖြစ်ပါတယ်။ သူ့ အနေနဲ့ စတိတ်ပေါ်မတက်ခင် တချို့ အဆို တော်တွေလို စိုးရိမ်နေတာမျိုး မတွေ့ရတာနဲ့ ပတ်သက်ပြီး. “ထက်ထက်က စတိတ်တွေ၊ ပရိ သတ် တွေကို မကြောက် တတ်ပါဘူး။ စင်ပေါ်ရောက် သွားရင်၊ ပရိသတ် နဲ့တွေ့ရင် ပို အားရှိပြီးပျော် ပါတယ်။ စင် ပေါ် မတက် ခင် ဘာမှသိပ် မစဉ်းစားဘဲ စင်ပေါ်မှာ ပရိသတ်နဲ့ အပေး အယူတည့်အောင် လုပ်ဖို့ပဲတွေးပြီး ပြင်ဆင်ပါတယ်” လို့ပြောပါတယ်။ ထက်ထက်ကို ဂီတနဲ့ပတ်သက်ပြီး ဘယ်သူက အကြံဥာဏ် ပေးလဲဆိုတော့…

“ဒုံးပျံခွေကတော့ ကိုလွှမ်းပိုင်း နဲ့ သမီး နဲ့တိုင်ပင်ပြီး လုပ်တာပေါ့နော်။ အမ်တီဗီ ကတော့ ကိုလွှမ်းပိုင်တို့ စတိုရီတွေ၊ ဘာတွေ ဆွဲပြီး ဒါရိုက်တာနဲ့လုပ်တာပါ။ ပြီးတော့ ထက်ထက်အစ်ကိုက အကြံဥာဏ်ပေးပါ တယ်။ သူက သင်္ဘောတက်နေတော့ ရန်ကုန် မှာအမြဲမရှိဘဲ ထက်ထက်ရေး ထားတဲ့သီချင်း တွေ သူ့ကိုပြတယ်။ ကွန်မန့်တောင်းပြီး အစ်ကို့ရဲ့ အတည်ပြုချက် ကိုယူပါတယ်။ သီချင်းတစ်ပုဒ်အောင်မြင်ရင် ပရိသတ် အသံ နားထောင်ပြီး နောက်သီချင်းဖန်တီး တဲ့အခါ မှာ ဘာဖြည့်ရမလဲဆိုတာကို တွေးပြီးပြင် ဆင်ပါတယ်” လို့ ပြောပါတယ်။

ထက်ထက်ကို ပြင်ဦးလွင်မြို့ကအမှတ် တရအကြောင်း မေးတော့ “ပြင်ဦးလွင်မြို့ပရိသတ်ကတော့ ထက်ထက်နဲ့ မစိမ်း ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထက်ထက် အဆိုတော် ပေါက်စ ဘဝအတွဲခွေတစ်ခွေ၊ နှစ်ခွေထဲ မှာ ပါကတည်းက ပြင်ဦးလွင်မှာ ဆိုဖူးတာပါ။ ဒီမြို့ကိုကြိုက် တယ်။ ရာသီဥတုကလည်း မိုက်တော့ ထက်ထက်တို့ ဆိုရ တာနဲ့ ဝတ်ရတဲ့ ဖက်ရှင်နဲ့ လိုက်တော့ ကြိုက်တယ်” လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်

No comments:

Post a Comment