Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 22, 2013

၁၆ နှစ် (ရေးသားသူ-စိုးမြတ်နန္ဒာ)


... ကိုမျိုးက အမှတ်တရအနေနဲ့ စာလေးနည်းနည်းရေးပေးပါတဲ့။ သူများရေးတဲ့ စာအုပ်ကောင်း ကောင်းတွေကိုသာ ဖတ်တတ်တာ။
ကိုယ်ကိုယ်တိုင်ကျ မရေးတတ်ဘူး။ ဘာအကြောင်းအရာကို စရေးရမှန်း လည်းမသိ၊ကိုယ့်အကြောင်းရေးရ အောင်ကလည်း ပရိသတ်တွေက မသိချင်မှအဆုံး။ ၁၆ နှစ်လောက်က နေ အခု ၃၄ နှစ်အထိပေါ့။ မိသားစု အကြောင်းကလည်း မေမေတို့၊ မကြီးတို့စာတွေ၊ အင်တာဗျူးတွေ
ကြောင့် အားလုံးသိပြီးသားပါနော့်။ အနုပညာအကြောင်းကလည်း အခု လောလောဆယ် ဘာမှထွေထွေထူးထူး ရေးစရာမရှိသေးဘူး။ မွေး
ထား တဲ့သားအကြောင်းကတော့ရေးပြ ရရင် ဂျာနယ်တောင်ဆံ့မှာ
မဟုတ် ဘူး။ အဲဒီတော့သူ့အကြောင်းကထားလိုက်တော့။အချစ်အကြောင်း
လေးများဖတ်ချင်ကြမလားပေါ့နော်။ ဒါပေမဲ့လည်းရေးဖို့ အရွယ်က နည်း နည်းကျော်သွားပြီဆိုတော့ ဒီ အကြောင်းအရာကို ကျော်လိုက်တာ
အကောင်းဆုံး၊ (အဟဲ)။
ဒီတော့ ဂျာနယ် ၁၆ နှစ်ပြည့် လေးအတွက် အမှတ်တရဖြစ်အောင် ဒါဒါ့ ၁၆ နှစ်တုန်းက အမှတ်တရ လေးတွေပဲ ရေးကြည့်လိုက်မယ်လေ။
၁၆ နှစ်မှာ ၁ဝ တန်းဖြေခဲ့ တယ်။ Model စလုပ်ခဲ့တယ်။ မင်းသမီးစလုပ်ခဲ့တယ်။ ကိုယ်ဖြစ်ချင် တာနဲ့ ကိုယ်လုပ်ခဲ့ရတာတွေက
ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ခဲ့တဲ့ ၁၆ နှစ်။ အဲဒီ ၁၆ နှစ်မှာ
Computerသင်တန်းတွေ တက်ချင်တယ်။ English Speakingသင်
ချင်တယ်။ လေယာဉ်မယ်လည်း တအားဖြစ်ချင် ခဲ့တယ်။
အဲဒီ ၁၆ နှစ်မှာပဲ Fashion Show တွေ အများဆုံးလျှောက်ခဲ့
တယ်။ ဘာအိုက်တင်မှ မလုပ်တတ်တဲ့ ကြားက ဗီဒီယိုတွေရိုက်နေရတယ်။
ပြန်စဉ်းစားကြည့်တော့လည်းအသက်က နှစ်ဆလောက်ဖြစ် နေခဲ့ပြီ။
ပေါ်ပြူလာ ဂျာနယ်လည်း ၁၆ နှစ်အတွင်းမှာ ဆိုက် အသေးက နေ ကြီးသွားသလို ဒါဒါလည်း အနုပညာသက် ၁၇နှစ် မှာပိန်ရာက နေ
အတော်ဝသွားခဲ့ပြီ။ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲသလို စိတ်ပိုင်း ဆိုင်ရာ
လည်း အတော်ကို ပြောင်းလဲ သွားခဲ့ပါပြီ။ ဒါပေမဲ့ တစ်ခါတ လေ အဲဒီအချိန်လေးတွေကို လွမ်း နေတုန်းပါပဲ။
အဖြူ၊အစိမ်း ကျောင်းသူ ဘဝလေးကိုလည်းလွမ်းတယ်။ သူငယ် ချင်းတွေကိုလည်းလွမ်းတယ်။Model လျှောက်ခဲ့တဲ့အချိန်က Reharsal Day တွေ၊ သူငယ်ချင်း Model Girl လေးတွေကိုလည်းလွမ်းတယ်။ ၁၆ နှစ်ပြည့်ပြီး ကားစ မရိုက်ခင် ပထမ ဆုံးကြော်ငြာ(ဒူးယားစီးကရက်)
အတူ ရိုက်ခဲ့တဲ့ အစ်ကို ကိုဒွေး ကိုလည်း လွမ်းတယ်။ (နောက် ၁ဝ နှစ်ပတ်ဝန်း ကျင်မှာ အစ်ကို ဒီလောကထဲကနေ ဘယ်သူ့ကိုမှနှုတ်မဆက်ဘဲထွက် သွားခဲ့တယ်)
ပထမဆုံးအိုက်တင်နဲ့ ပတ်သက် ပြီး ချော့တစ်ခါ၊ ခြောက်တစ်လှည့် သင်ပေးခဲ့တဲ့ လက်ဦးဆရာလို့ပြော လို့ရတဲ့ ဦးကျော်ဟိန်းကိုလည်း လွမ်း တယ်။ (နောက် ၂ဝဝ၈ ခုနှစ်မှာပဲ ဦး ကျော် ဒီလောကထဲကထွက်ပြီး
ဘုန်းကြီးဝတ်သွားတယ်) ဦးကျော်ကို သိပ်လေးစားရပါတယ်။ ဦးကျော်နဲ့ ပထမဆုံးစရိုက်တဲ့ကားက ဒုတိယ ကားနဲ့ ၉ နှစ်လောက်လည်း ကွာခဲ့ ပါတယ်။ ဦးကျော် ဘုန်းကြီးဝတ် တော့မယ့်အချိန်မှာ နောင်တ
မရစဖူး လည်း ရခဲ့ပါတယ်။ ဒီလို မှန်းသိရင် ဦးကျော်ကိုစိတ်မကောက်၊
စိတ်မဆိုး ဘဲကားတွေအများကြီး အတူ ရိုက်ခဲ့ပါ တယ်လို့။ (၁၆ နှစ်အရွယ် စိတ် ကစားတဲ့အရွယ်မှာ ဦးကျော်က လူတွေကြားထဲဆူခဲ့
လို့ တစ်ယောက် တည်း စိတ်နာနေခဲ့တာလေ) အခု တော့ ဦးကျော် နဲ့ရိုက်တဲ့ကားက စုစုပေါင်း ၅ ကားပဲ ရှိခဲ့ပါတယ်။နောက်ဆုံးရိုက်ခဲ့တဲ့ ကား က'အစိမ်းလိုက်ခွဲသွားတယ်' ။ ဒါရိုက် တာမောင်မျိုးမင်း ရိုက်ခဲ့တာပါ။
အားလုံးကိုလည်း လွမ်းပါ တယ်။ အနုပညာလောကထဲမှာပဲ အသက်မွေးဝမ်းကျောင်းခဲ့ရတော့ ဒီ အနုပညာမောင်နှမ၊ သူငယ်ချင်းတွေ အားလုံးအားလုံးကို သတိရပါတယ်။ အဲဒီအချိန်ကာလလေးတွေ
မှာတော့ အမှားတွေရော၊ အမှန်တွေရော ရော ထွေးနေတဲ့ အမှတ်တရတွေကတော့အများကြီးပဲပေါ့နော်။
ဒါဟာ လူတိုင်း လည်း ကြုံတွေ့ရလိမ့်မယ် လို့ထင်ပါ တယ်။ ဘယ်သူမဆို
လည်း အဲဒီအချိန် ကာလလေးတွေကို အသက်နှစ်ဆဖြစ် လာတဲ့အချိန်မှာ တစ်ခါတလေတော့ လည်းသတိရမိ ကြမှာပါ။
အခုအချိန်မှာတော့ အသက် ၁၆ နှစ်လိုလည်း နေလို့မရတော့ပါ ဘူး။ နောက် ၉ နှစ်လောက်နေရင် ၁၆ နှစ်ပြည့်မယ့် သားတော်မောင် အတွက် အလုပ်တွေလုပ်ရဦးမယ်။ ၁၆ နှစ်ကနေ၆၁ နှစ်အထိနေရဖို့ မသေချာတဲ့ လောကကြီးထဲမှာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး
.. အဘက်ဘက်ကမလစ်ဟင်းရအောင် လည်း ကြိုးစားနေထိုင်ရဦးမယ်။
အိမ်ထောင်ရေးဆိုတဲ့ တာဝန် လေးတစ်ခု ပေါ့သွားတာမှန်ပေမယ့် ဘာတွေဖြစ်လာဦးမယ်ဆိုတာ မသိ တဲ့ ဘဝမှာ.....

စိုးမြတ်နန္ဒာ

(ဇွန် ၂၃ရက်နေ့ (တနင်္ဂနွေနေ့ )ထုတ်
ပေါ်ပြူလာနယ်အတွဲ(၁၇)အမှတ်(၂၄)မှ)


No comments:

Post a Comment