Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

အမေရိကန်အလှမယ်သရဖူကို ကွန်နက်တီကက်အလှမယ် ဆွတ်ခူး

အမေရိကန် အလှမယ် ပြိုင်ပွဲတွယ် ကွန်နက်တီကတ် ကိုယ်စားပြု အလှမယ်က အောင်မြင်မှု သရဖူကို ဆွတ်ခူး ရယူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ ညပိုင်းက လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်သော ပြိုင်ပွဲ၌ အသက်(၂၅)နှစ်အရွယ် အီရန်ဘရာဒီက အမေရိကန် အလှမယ်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ Planet Hollywoodဟိုတယ်၏ ကာစီနို ခန်းမတွင် ပြုလုပ်သော ပြိုင်ပွဲတွင် အလှအပ ကိုယ်ဟန်ပြမှုများ အပြီး၌ ဘရာဒီအား မေးခွန်းတစ်ခု မေးမြန်းရာ အမေရိကန် တရားရုံးချုပ်က DNAစစ်ဆေးမှုကို တွင်တွင်ကျယ်ကျယ် အသုံးပြုသွားရန် ဆုံးဖြတ်ချက်အပေါ် ထောက်ခံ မထောက်ခံ မေးမြန်းရာ ဘရာဒီက သဘောကျ ထောက်ခံကြောင်း ဖြေဆိုခဲ့သည်။



ဘရာဒီသည် အလှမယ် သရဖူကို လက်ခံရရှိပြီး နယူးယော့ခ်ရှိ အမေရိကန် အလှမယ်များ နေထိုင်ရာ တိုက်ခန်းတွင် (၁)နှစ်ကြာ နေထိုင်ရမည် ဖြစ်သည်။ သူမသည် အမေရိကန် ကိုယ်စားပြု အလှမယ် အနေဖြင့် တစ်နိုင်ငံလုံးသို့ ခြေဆန့် ထွက်ခွာပြီး ရင်သားနှင့် သားအိမ်ခေါင်းကင်ဆာ တိုက်ဖျက်ရေး သတိပေး နှိုးဆော်မှုများကို ဆော်ဩလုပ်ဆောင်ရန်လည်း စီစဉ်ထားသည်။ ဘရာဒီသည် အစိမ်းရောင် စိတ်ကြိုက်ဖက်ရှင်၊ လိမ္မော်ရောင် ရေကူးဝတ်စုံတို့ကို ဝတ်ဆင် ကိုယ်ဟန်ပြခဲ့ပြီး အညိုနုနှင့် အဖြူရောင် ရောစပ်ထားသော ညနေခင်း ဝတ်စုံဖြင့် ဆုလက်ခံ ရယူသွားသည်။

Source: FoxNews

No comments:

Post a Comment