
ပန်းချီ hla phone aung
ချစ်တဲ့သူငယ်လေ -
သူငယ်ချင်းကောင်း ယောက်မတို့လေ။
ငါ့ကိုလွယ်၊
အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲ(နည်း)ငယ်မှ စေ့စုံ။
လှေကားခုံမှာ၊
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ၊
ဘီလူး မောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ၊
ဆူးလေ မောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ၊
နွားရိုင်း မောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ၊
ဓားသွား မောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ၊
အပ်သွား မောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ၊
လှံထောင် မောင့်ကြောင့် စိုက်တော့တယ်။
မောင်လည်း ဘယ်က တက်ပါ့မယ်။
မယ်လည်း ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင်၊ ကြောင်ရဲ့အလား၊
ထုပ်နှင့် လျောက်ကို၊ ထိုးဖောက်သွားက၊
ထုပ်သားငယ်မှ မခိုင်၊ ထုပ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင်မှာ၊ ဖောင်ဖောင်ကျိုးက၊
“သူခိုး”ဆိုညွှန်း၊ မီးတင်ထွန်းလို့၊
ဝန်းကြသော့ခါ၊ ဆင်းချခုန်၊
လမ်းဆုံ ရောက်ပါလိမ့်မယ်လားရှင်။
ညီမအထွေး၊ ရွှေတလေးကို၊
ပြေး၍ကြည့်ချေ၊ စေလေသောခါ၊
အမယ် - မမ၊ ကျွန်မခဲအို မြင်ငဲ့၊
ငါတို့ရွာလယ်ခေါင်တွင်၊ ခုတင်ကြီးမှာ၊
စောင်းတီးလို့လေး။ ။
တောင်တွင်း ရှင်ငြိမ်းမယ်
ရင်ခွင် သစ်
No comments:
Post a Comment