Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2013

ရန်ကုန်ဆေးရုံကြီးပေါ်မှလူနာတစ်ဦးဆေးရုံပေါ်မှ ခုန်ချသေဆုံး



ရန်ကုန်ဆေးရုံးကြီးပေါ်မှ လူနာတစ်ဦးဆေးကုသဖို့ဆေးဝါးအလုံအလောက်မရှိ ဆရာဝန်တွေ ဂရုစိုက်မှု မရှိသောကြောင့်စိတ်ညစ်ပြီးဆေးရုံပေါ်မှ ခုန်ချသေဆုံး

၎-၆-၂၀၁၃ရက်နေ့မှစ၍ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး၊ အဆောင်(၁၃/၁၄) တွင် အစာအိမ်အူလမ်းကြောင်းပိတ်ရောဂါဖြင့် တက်ရောက်ကုသနေသော တွံတေးမြို့နယ်နေ ဦးမိုးဇော် ၊ (ဘ)ဦးအုံးကြည်သည် ၈-၆-၂၀၁၃ရက်နေ့ ၁၅၃၀အချိန် ရောဂါဝေဒနာမခံစားနိုင်သဖြင့် တတိယထပ် အဆောင်(၁၃/၁၄)ရှိအိမ်သာ ပြူတင်းပေါက်မှခုန်ချခဲ့ရာ
ရေနုတ်မြောင်းဘောင်ပေါ်သို့ ပြုတ်ကျပြီး ယာဒူး/လက်ကောက်ဝတ်/ လက်သန်း စုတ်ပြဲ၊ နောက်ကျော ဖူးရောင်ဒဏ်ရာများရရှိကာ သေဆုံးသွားသဖြင့် လသာမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၃)ဖြင့်
ရေးဖွင့်စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment