Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 24, 2013

ဂီတနဲ့ စိတ်ကိုအပန်းဖြေတဲ့ နေတိုး

အနုပညာရှင်တွေက ရိုက်ကွင်းမှာ ဇာတ် ရုပ် အမျိုးမျိုးကို သရုပ်ဆောင်ကြရပါတယ်။ဇာတ်ရုပ်တစ်ရုပ်ချင်းစီရဲ့ပီပြင်မှုကို စိတ်အား၊ လူအားထည့် ပြီး သရုပ်ဆောင်ရတဲ့အတွက် စိတ်ပင်ပန်းမှု တအား များကြပါတယ်။ အဲဒီစိတ်ပင်ပန်းမှုတွေကို တချို့အနုပညာရှင် တွေက အားကစားလုပ်ပြီး အပန်းဖြေလေ့ရှိသလို တချို့အနုပညာရှင်တွေကလည်းဂီတကိုနားထောင်ပြီး အပန်းဖြေလေ့ရှိကြပါတယ်။ ဂီတနဲ့အပန်းဖြေလေ့ရှိတဲ့ သရုပ်ေ ဆာင်တွေထဲမှာ နေတိုး လည်းအပါအဝင်ပါပဲ။ရှုတင်က ပြန်ရောက်တာ နဲ့သီချင်း တွေ နားထောင်ဖြစ်တဲ့ နေတိုးက “ကျွန်တော်ရှုတင်က ပြန်ရောက် တာနဲ့ ကျွန်တော့်ရဲ့အခန်းထဲမှာဂီတတူရိယာ တစ်ခုခုထားထားတယ်။ အဓိကကတော့ဂစ်တာသံနဲ့ပီယာနိုအသံကို ပိုပြီးနှစ်သက်တယ်။ကိုယ့်စိတ် ကိုဃူနမေလုပ်ပေးနိုင်တာပေါ့။ဘာသာတရားနဲ့ ကိုယ့် စိတ်ကိုဆေးကြော တာကတစ်ကြောင်းပေါ့။တစ်ခါ တလေကျရင်လွတ်လွတ်လပ်လပ်နဲ့ အတွေး တွေကို ပိုပြီးပေါက်ဖွားစေတဲ့ မြူးဇစ်မျိုးကပိုပြီး စိတ်အပန်းပြေစေတယ်။ ကျွန်တော်က အမြဲတမ်းတွေးနေတတ်တော့ Internet သုံးတြာ ဖစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ်တစ်ခုခုကို တွေ့လိုက် တယ်ဆိုရင်Note အနေနဲ့ Record ယူထားတတ်တယ်။ ကျွန်တော်က စာနဲ့ရေးတာသိပ်မလုပ်ဖြစ် ဘူး။ Phone နဲ့ဖြစ်ဖြစ် Recorder နဲ့ဖြစ်ဖြစ် Record ယူထားတယ်။ပြီးမှပြန်ပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment