Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 14, 2013

အချစ်နဲ့ခန္ဓာကိုယ်ဘာသာဗေဒ



အောက်ပါခန္ဓာကိုယ်ဘာသာဗေဒစကားများသည်(အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ)သူ့ရင်ထဲကသင့်အတွက်အဖြေသည် no
ဖြစ်ရန်ခဲယဉ်းကြောင်း ပြဆိုပါသည်။အကုန်လုံးရှိစရာမလိုပါ၊ အချို့ရှိလျင်အတိုင်းအတာတစ်ခုထိလုံလောက်ပါသည်။မည်မျှဖုံး
ကွယ်သို ရှက်ဟန်ဆောင်ကောင်းသူဖြစ်ပါစေ အောက်ပါအမူအယာများကိုတော့လူသားသဘာဝအရအချိန်ပြည့်ထိမ်းမရနိုင်ဟု
စိတ်ပညာရှင်များကဆိုပါသည်။

* ကိုယ့်ကိုတစ်ချက်ကြည့်ပြိးကိုယ့်ဘေးနားကိုပဲငေးနေခြင်း
* ပုံမှန်ထက်အကြိမ်အရေအတွက်များများပိုကြည့်မိလာတက်ခြင်း
*သူ့ရဲ့အပြုအမူတစ်ခုပေါ်အံ့သြ၀မ်းသာစွာစိုက်ငေးကြည့်ခြင်းကိုဖျက်ခနဲ့အကြည့်တစ်ချက်နဲ့ လက်ခံအသိအမှတ်ပြုခြင်း
*သင်နဲ့တွေ့လျင် မျက်လွှာချထားပြီးအဝေးကိုငေးတက်ခြင်း
*သင်နဲ့တွေ့လျင်မသိမသာ မတ်ကနဲ့ဖြစ်သွားခြင်း
*ဆံပင်နှင့် အ၀တ်အစားများကို အနည်းငယ်တော့သပ်ခြင်း
*ခန္ဓာကိုယ်ကိုသင့်ဘက်လှည့်လာခြင်း
*မျက်လုံးများအတန်ငယ်စင်းသလိုဖြစ်သွားခြင်း(သို့)အရောင်လက်သလိုဖြစ်သွားခြင်း
*သင့်ခန္ဓာကိုယ်အနေအထားနဲ့ဆင်တူအောင်လိုက်နေမိခြင်း
*နှုတ်ခမ်းကိုလျှာဖြင့်သပ်ခြင်း
*သင့်နှင့်စကားပြောလျှင်အသံအတိုးအကျယ်လေသံအနိမ့်အမြင့် ပုံမှန်ဖြစ်အောင်သတိထား၍ပြောခြ င်း

စသည်တို့ဖြစ်ကြသည်။

yes ဖြစ်လာရန်ခဲယဉ်းသေးသောခန္ဓာကိုယ်ဘာသာစကားများမှာသင်နဲ့တွေ့တိုင်

*မည့်သည့်အခါမှ ခိုးမကြည့်ခြင်း
*အကြည့်ဆုံလျှင်အမြန်ရှောင်ဖယ်သွားခြင်း(ရှက်ကိုရှက်ကန်းနဲ့မတူပါ)
*အဝေးကိုကြည့်တက်ခြင်း
*ခန္ဓာကိုယ်အနေအထားပြောင်းလဲသွားမှုမရှိခြင်း(သေချာအောင်တော့ကြည့်ရပါမည်)
* ကိုယ်ကိုလှည့်၍ လွှဲဖယ်သွားခြ င်း
*ဆံပင်သပ်ခြင်း အင်္ကျီဖြန့်ခြင်း လုံးဝမလုပ်ခြင်း (သို့)လက်ပိုက်ခြေထောက်ချိုတ်နေပြီးမှအကျီင်္ ဆွဲချဖြန့်ခြင်း
*ယဉ်ကျေးပျူငှာသော်လည်းသာမန်မျက်နှာအနေအထားနှင့်မျက်လုံးအကြည့်သာရှိခြင်း
*အသံအားပျော့ခြင်း(နူးညံ့ခြင်းကိုမဆိုလိုပါစိတ်ပါလက်ပါအရမ်းမရှိခြင်းကိုဆိုလိုပါသည်။
*စကားပြောနေစဉ် ငေးကြောင်ကြည့်တက်ခြင်း တမင်စိုက်ကြည့်တက်ခြင်း(7 စက္ကန့်ထက်ပိုတက်သည်ဟုတွေ့၏)
*ကိုင်ထားသောတစ်စုံတစ်ခုကို လိမ်ကျစ်နေခြင်း(သို့)ညစ်နေခြင်
*လက်ဝတ်ရတနာတစ်ခုခုကို ထိကိုင်ခြင်း၊ဆော့ကစားခြင်း
*လက်ချောင်းများကိုဆော့ကစားခြင်း၊ခုံခေါက်ခြင်း
စသည်တို့ဖြစ်ကြသည်။

သင့်ချစ်သူ အနေအထားဘယ်သို့ဘယ်ပုံဆိုတာ ဒီဟာလေးများကိုကြည့်ပြိးဆုံးဖြတ်နိုင်တာပေါ့
ပျှော်ရွှင်နိုင်ကြပါစေ....။

(လွမ်းထိုက်)

No comments:

Post a Comment