Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 24, 2013

ဆရာ ယုဒဿန် ဇာတ်ရုပ်တွင် စည်ဖြိုး သရုပ်ဆောင်မည်

ပန်းမြတ်ဇော် | တနင်္လာနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၀ မိနစ်

         


ဒါရိုက်တာသိန်းဟန်(ဖီးနစ်)စီစဉ် ရိုက်ကူးမည့် ဆရာကြီး 'ယုဒဿန်အတ္ထု ပ္ပတ္တိ'ဇာတ်ကားကို အောက်တိုဘာလ တွင် ရိုက်ကူးမည်ဖြစ်ပြီး ဆရာယုဒဿန် ၏ ဇာတ်ရုပ်ကို စည်ဖြိုးက သရုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြော ကြားလိုက်သည်။

ယင်းဇာတ်ကားကို ဦးလွန်းအသင်းတော်အတွက် ရိုက်ကူးခြင်းဖြစ်ပြီး ဆရာကတော်နေရာတွင် သင်ဇာဝင့်ကျော်က သရုပ်ဆောင်မည် ဖြစ်သည်။

ဆရာယုဒဿန်ဇာတ်ရုပ်နှင့်ပတ် သက်ပြီး စည်ဖြိုးက ''ကြိုတင်ပြင်ဆင် နေပါတယ်။ ဆံပင်ပုံစံလည်း ပြောင်းလဲ ရမယ်၊ အဝတ်အစားတွေကလည်း အဲဒီ ခေတ်ကို သိမီသူတွေနဲ့တိုင်ပင်ပြီး အကုန် အပ်ထားပါတယ်။ အဓိက
လေ့လာနေ တာကတော့ ဆရာကြီးရဲ့အကြောင်းတွေ နဲ့ သူရဲ့ အမူအကျင့်တွေ၊ သူဝတ်ပုံ စားပုံတွေ၊ နေပုံထိုင်ပုံတွေ အကုန်ပြန် လေ့လာနေပါတယ်''ဟု ဆိုသည်။

No comments:

Post a Comment