Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

သစ်ပင်အမြစ်နဲ့ ဆောက်ထားတဲ့သက်ရှိတံတား



သစ်ပင်ရဲ့ အမြစ်နဲ့  တံတားတခုဆောက်ဖို့ ဘယ်သူတွေစဉ်းစားဘူးပါသလဲ။
ဒီအပေါ်ကပုံက သစ်ပင်အမြစ်နဲ့ ဆောက်ထားတဲ့တံတားတခုပါ။
အိန္ဒိယအရှေ့ မြောက်ဒေသ မှာနေထိုင်ခဲ့ကြတဲ့သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ ချီတဲ့အချိန်ကတည်းက သစ်ပင်ရဲ့ အမြစ်တွေနဲ့ တံတားဆောက်ခဲ့ကြတဲ့ အင်ဂျင်နီယာဘိုးအေကြီးတွေလို့ ဆိုရမှာပါပဲ။
သက်ရှိသစ်မြစ်တံတားတွေဟာ ပေ၁၀၀ လောက်ရှည်ပြီးတော့ အများစုက သက်တမ်းနှစ်၅၀၀လောက် ရှည်ကြာနေပါပြီ။ ကမ္ဘာပေါ်ကအစိုစွတ်ဆုံးဒေသတခုလို့ ပြောလို့ ရတဲ့အအိန္ဒိယရဲ့ တောင်တန်းဒေ သ ခါစိုင်းနဲ့ ဂျိန်းတီရှားဒေသက တောင်ပေါ်သားတွေဟာ သက်ရှိတံတားတွေဆောက်ခဲ့တဲ့တကယ့်ကို စိတ်ကူးစိတ်သန်းကောင်းတဲ့လူမျိုးစုတွေပါပဲ။

သစ်မြစ်တံတားတခု လူဖြတ်ကူးသွားနိုင်ဖို့  အနည်းဆုံး ၁၀နှစ်ကနေ ၁၅နှစ်တော့ကြာပါတယ်။  တံတားပေါ်လူငါးဆယ်တပြိုင်တည်းဖြတ်ကူးလို့ ရလောက်အောင်ခိုင်ခန့် တယ်လို့ ဆိုပါတယ်။
အချိန်ကြာလာတာနဲ့ အမျှသစ်မြစ်တံတားတွေပိုမိုခိုင်မာတောင့်တင်းလာပါတယ်။
စိတ်ဝင်စားစရာ သစ်မြစ်တံတားကိုရိုက်ထားတဲ့ဗီဒီယိုလေး ကြည့်ကြပါဦး။

Min Mahaw အရှေ့ မြောက် အိန္ဒိယ မက်ဂါလိုင်ယာမှာတဲ့... အရမ်းမြင့်တဲ့ဒေသက မုတ်သုန်မုန်တိုင်းတိမ်တိုက်တွေ ရောက်လာတတ်တဲ့ဒေသပါတဲ့... ကိုထိုက်ရေ... မွန်းကျပ်မှုတွေထဲမှာ ဒါမျိုးလေးရှယ်ပေးတဲ့အတွက်လည်း ကျေးဇူး... လမ်းပန်းဆက်သွယ်ရေး ခေါင်လွန်းလှတဲ့ ဒေသလို့ တွေ့ရတယ်... လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဟာလီ ဆိုသူက တည်ဆောက်ခဲ့တာ... ဂျူလီယာနာ ဆိုတဲ့ကလေးမကို သစ်မြစ်သေစ်ကိုင်းတွေ နွယ်ယှက်အောင်ဖန်တီးပြီး တံတားထိုးခဲ့တာ.. သစ်မြစ်ဆိုတော့ ဘယ်သေတော့မလဲ...သူတို့ နှစ်ယောက်ပဲ တံတားကို စောင့်ရှောက်ခဲ့တာ... လုံခြုံစိတ်ချရတဲ့ တံတားပါတဲ့... မက်ငါလိုင်ယာ တံတားပေါ့...ကောင်းလိုက်တဲ့ သဘာဝအသုံးချ သဘာဝအင်ဂျင်နီယာပေါ့...ဇာတ်ကြောင်းပြောသူက ရှင်သန်နေတဲ့ ဗိသုကာ လို့ တင်စားတယ်... တံတားပေါ်မှာ ကျောက်ပြားတွေ ပျဉ်ပြားတွေတောင် ခင်းထားလိုက်သေးတယ်...ရိုင်းစိုင်း ကြမ်းတမ်းတဲ့ မြစ်ကြီးရဲ့ သဘာဝတရားကို လူသားရဲ အောင်မြင်မှုလို့ ချီးမွမ်းခန်းဖွင့်သွားပါတယ်..

https://www.facebook.com/photo.php?v=312919815500819&set=vb.100003484082011&type=2&theater

No comments:

Post a Comment