Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 17, 2013

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

 

“မိခင်များနေ့” အမီ မေးခွန်းရှိလို့ ဒီစာလေးရေးပါတယ်။ မိခင်နို့တလုံးဘိုးကျေကြပြီလား ဆန်းစစ်ကြရအောင်ဗျား။

“ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ ရှို့း့”

• နို့ရည်ဟာ အရေအတွက်ရော အရည်အသွေးပါ ကောင်းဘို့ လိုတယ်။ အစားအသောက်အပေါ်မှာ မူတည်တယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာ ဆက်စားပါလို့ ပြောရင်မမှားပါ။
• နို့တိုက်မိခင် တယောက်ဟာ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။
• ကလိုရီ တနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။
• တနေ့ ၄-၅ ထပ်စားနိုင်တယ်။ “ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။
• ကလေးမိခင်ကနေ တနေ့မှာ နို့ရည် ၂၃ -၂၇ အောင်စ (၆၅၂ - ၇၆၅ ဂရမ်) ထွက်ပါတယ်။
• ကလေးဟာ မိခင်နို့ကနေ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။
• ချွေးပိုထွက်တာ သတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာ ရေ ၂့၅ လီတာကနေ ၃ လီတာ သောက်ပါ။ ဒိထက်များတာတော့ မသင့်ပါ။ နို့ရည်လိုတာထက် ပိုထွက်နိုင်တယ်။
• အစားအသောက်ထဲမှာ အမယ်စုံရမယ်။ အာဟာရဓါတ် ၇ မျိုး = Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း၊ Fats အဆီ၊ Vitamins ဗီတာမင်များ၊ Minerals ဓါတ်ဆားများ၊ Fiber (ဖိုင်ဗာ)နှင့် ရေ။
• ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာ ကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။
• ဒီထဲမှာ Calcium ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ) မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။
• ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ Vitamin B 9 ခေါ်တဲ့ Folic acid ဖေါလစ်အက်စစ် လိုမယ်။
• Zinc သွပ်ဓါတ်လိုမယ်။ တနေ့မှာ 15 to 20 milligrams လိုတယ်။
• Vitamin A မလိုပါ။
• ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံးပါ။ Saturated fats နည်းစေပါ။ Trans fats ရှောင်ပါ။
• အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာ မလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ် မဟုတ်ပါလား။
• Calcium ထဲမှာ Vitamin D ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။)
• မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီ မလုံလောက်ပါ။ American Academy of Pediatrics ကနေ အကြံပြုထားတာကတော့ 400 IU (10 micrograms) ကလေးကို တိုက်ပါလို့ဖြစ်တယ်။
• Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။
• တခြားအချိန်တွေမှာလိုဘဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကို ရှောင်ပါ။ အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။
• ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။
• နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကို အရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။
• အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် “မယဉ်ကျေးမှု” ကို အဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီး သူ့မိခင်ဟာ ၇ ရက်သာ အသက်ရှင်လို့ မိထွေးတော်ကနေ ဆက်ပြီး နို့ချို တိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေ ဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီ ထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

• Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
• Organic Food (အော်ဂဲနစ်) http://dts-medicaleducation.blogspot.com/2010/09/organic-food.html
• Trans fats အညာသားများ ဆီစားကြသည် http://my-sayawun-life.blogspot.in/2010/10/trans-fats.html
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၃

No comments:

Post a Comment