Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

မောင်နှင့်နှမ အတူကြည့်ရန် မသင့်တော်သည့်ဇာတ်ကား မြန်မာကားတွင်မရှိဟု အိန္ဒြာကျော်ဇင်ဆို


ဆင်ဆာမူဝါဒများ လျော့ပါးမှုနှင့် အတူ ယခုနောက်ပိုင်း မြန်မာဗီဒီယို ဇာတ်ကားများ၌ မိသားစု အတူတကွ ကြည့်ရှုရန် မသင့်တော်သော ဇာတ်ဝင်ခန်း များအပေါ် ပရိသတ် များမှ ဝေဖန်မှုများ ရှိခဲ့သည်။ အဆိုပါ ဇာတ်ကားများနှင့် ပတ်သက်၍ အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခိုက် မေးမြန်း ကြည့်ခဲ့သည်။

ဆင်ဆာ မူဝါဒတွေ လျော့လာတယ်၊ အခုနောက်ပိုင်း မြန်မာဗီဒီယို ကားတွေမှာ မိသားစုနဲ့ ကြည့်တဲ့အခါ ဝေဖန်မှုတွေ ရှိလာတဲ့ အပေါ် အူဝဲရဲ့အမြင်က။

မြန်မာကား တွေမှာ sexy ပါတဲ့ အခန်းမျိုးတွေ ဆိုးဆိုးဝါးဝါးတော့ မပါသေး ပါဘူး၊ ဘာကြောင့် လဲဆိုတော့ ဒီကအနုပညာ သမားတွေက လုပ်မှာ မဟုတ်သလို ဒါရိုက်တာ တွေကလည်း ရိုက်မှာ မဟုတ်ကြပါဘူး။

ဗီဒီယို အခွေတွေမှာ ဝတ်စားပုံနဲ့ ပြောဆိုပုံ၊ အမူအယာ ရဲတင်းမှုတွေ ရှိလာတယ်၊ အူဝဲရော ဘယ်လို ထင်လဲ။

အဲဒါက ပေါ်တင်ရိုက်ပြတဲ့ သဘောပါ၊ အရင်က မင်းသမီးကို ဖျက်ဆီး လိုက်တဲ့ အခန်း ဆိုပါစို့၊ နှင်းဆီပွင့်တွေ ချွေလိုက်တယ်၊ အခုက အတူတူ အိပ်နေတာ မျိုးရိုက် တယ်၊ ဒါက ပရိသတ်ကို တင်ဆက်ပုံ အသစ်ပေးတာပါလို့ပဲ မြင်တယ်။

ဗီဒီယို ဇာတ်ကားမှာ ပရိသတ်အတွက် ဒီလိုဇာတ်ဝင်ခန်း ကနေရတဲ့ Message က။

ဒီလို ဇာတ်ဝင်ခန်းက ဇာတ်ရဲ့ လိုအပ်ချက် အရ ထည့်သွင်း ရိုက်ကူး ရတာပါ၊ ဒီဇာတ်ဝင်ခန်း တွေက အမှန်တကယ်လည်း မဟုတ်ပါဘူး၊ ဒါရိုက်တာရဲ့ ပါးနပ်မှု၊ ကင်မရာ အယူအဆ၊ အလင်း ကစားမှုတို့နဲ့ ဖန်တီးထားတာ တွေပါ။

ဒီလို ဇာတ်ဝင်ခန်း တွေက လူငယ် ပရိသတ်အပေါ် လွဲမှား အတုယူတာတွေ ဖြစ်လာ နိုင်မလား။

ဒါကတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အနုပညာဟာ ဖျော်ဖြေရေး တစ်ခုလို့ မြင်ဖို့လိုပါတယ်၊ အနုပညာကို ကိုယ်တိုင် လိုက်ပါမစီးမျောဘဲနဲ့ ဖျော်ဖြေရေးလို့ ကြည့်ရင် ရေလိုက်လွဲတဲ့ အဖြစ်တွေ မဖြစ်နိုင်ပါဘူး။

စုသက်နှင်း

No comments:

Post a Comment