ကိုယ့်ရဲ့ မင်္ဂလာပွဲကို လူပေါင်းနှစ်သောင်းခွဲလောက်တက်ရောက်ချီးမြှင့်မယ်ဆို ဘယ်နှယ့်နေမလဲ။
ဖိတ်စာကမ်းမယ့်လူကတော့ စာအိတ်မှာကော်ကပ်ဖို့ တံတွေးဆွတ်ရ တာနဲ့ တင် အာခြောက်လောက် တယ်နော်။
ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေး၊ဂျေရုဆလင်မှာ ကျင်းပခဲ့တဲ့ ဂျူးဘုန်းကြီးရဲ့ မြေး မင်္ဂလာဆောင်ကို လူပေါင်းနှစ်သောင်းခွဲလောက် တက်ရောက်အားပေးခဲ့ကြပါသတဲ့။
ကမ္ဘာမှာအကြီးဆုံးဂျူးအသိုင်းအ၀ိုင်းတခုဖြစ်တဲ့ Hasidic Communities ရဲ့ ဂိုဏ်းချုပ်အရိုက်အရာကို ဆက်ခံမယ့်တဦးတည်းသောမြေးယောက်ျားလေးရဲ့ မင်္ဂလာဆောင်ဖြစ်တဲ့အတွက် ဥရောပ၊အမေရိက ကဂျူးတွေတက်ရောက်အားပေးလိုက်ကြတာ ဂျေရုဆလင်ရဲ့ လမ်းတွေလည်းပိတ်၊ကားတွေလည်း ရပ်စရာနေရာမရှိအောင်ဖြစ်ခဲ့ရပါတယ်။
သတို့ သမီးကအသက် ၁၉နှစ်ပဲရှိပါသေးတယ်။
သူတို့ ဓလေ့ထုံးစံအရ မျက်နှာကိုဖော်ခွင့်မရှိပါဘူး။
ဖတ်ဖူးသလောက်မျက်နှာမဖော်ရတဲ့အကြောင်းကလည်းဇတ်လမ်းလေးရှိပါတယ်။ဂျူးသမိုင်းမှာJacob ဆိုတာမပါမဖြစ်တဲ့ဇတ်ကောင်တယောက်ပါ။
Jacob ကိုသူ့ ရဲ့ ဦးလေးက Leahနဲ့ ညာပြီးပေးစားခဲ့ပါသတဲ့။
Jacob သဘောကျတာက Leah ရဲ့ ညီမ Rachel
အဖေဖြစ်သူက မျက်နှာအုပ်ထားတဲ့ပ၀ါကိုလုံးဝမလှစ်ဖို့ မှာလိုက်တယ်။
မင်္ဂလာပွဲမှာမျက်နှာအုပ်ထားတော့ Jacob ကလည်း Rachel လို့ ပဲထင်တယ်။ Rachel လို့ခေါ်လိုက် တိုင်းလည်း ဟိုတယောက်က ညာပြီးထူးတယ်။နောက်နေ့ မိုးလင်းတဲ့အထိ မင်းသားက သူအညာခံထိတာမသိလိုက်ဖူးလို့ ဆိုပါတယ်။
အဲဒီသမိုင်းကို အမှတ်ရတဲ့အနေနဲ့ ဂျူး သတို့ သမီးတွေဟာ မျက်နှာကိုအုပ်ကြတယ်လို့ ဆိုပါတယ်။
အောက်ကဗီဒီယိုမှာ မျက်နှာအုပ်ပြီး သတို့ သမီးကိုလှည့်ပြနေတာ တွေ့ မှာပါ။ ဒီသတို့ သားကတော့ Jacob လို့ အညာမခံရလောက်ဖူးထင်ပါတယ်နော်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 22, 2013
လူနှစ်သောင်းခွဲတက်တဲ့ မင်္ဂလာပွဲ
လူနှစ်သောင်းခွဲတက်တဲ့ မင်္ဂလာပွဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 22, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 22, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment