Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 5, 2013

"ခလေး နဲ့ မျိုးရိုးလိုက်ခြင်း"



 
ကျွန်မတို့ မြန်မာလူမျိုးတွေသက်မှတ်ကျတာကတော့ "ကြက်မှာအရိုး လှူမှာအမျိုး" "ချောင်ရိုးမြောင်းရိုးသာ တိမ်ကောရိုးရှိသည် လူမျိုးကာ မတိတ်ကော" " မျိုးစေ့မမှန် ပင်မသန်" စတဲ့ စကားပုံတွေနဲ့ အညီ မိဘတွေရဲ့ ဓလေ့စရိုက်တွေ ခလေးတွေမှာ ငြိတွယ်နေတတ်ကျတယ်လို့လေ။ မှန်ပါတယ် အဲဒါက မိဘအိမ်ထောင်ကွဲတာ ရောဂါမျိုးရိုးလိုက်တာတို့ မဟုတ်ပါဘူး အခုခတ်မှာ နာကြီးရောဂါသည်က မွေးတဲ့ခလေးတောင် အဲလိုရောဂါမျိုးမရှိတော့ပါဘူး။
တကယ်မျိုးရိုးလိုက်တာက အဲဒါတွေထက် ကြောက်ဖို့ကောင်းတာပါ မိဘတွေသတိထားသင့်တဲ့အရာပေါ့ အဲဒါက မိဘတွေရဲ့စိတ်ဓာတ်ပါ ဥပမာ စိတ်တိုစိတ်ဆတ်တဲ့လူကမွေးရင် အဲဒီခလေးလဲ စိတ်တိုစိတ်ဆတ်တတ်ပါတယ်။ သာမန်အားဖြင့် မျိုးရိုးလိုက်တယ်ဆိုတာ မိဘတွေရဲ့ မနောစရိုက်၊ ကာယစရိုက် နဲ့ ၀စီစရိုက်တွေ ကူစက်တာပါ တနည်းပြောရရင် မြင်နေ တွေ့နေ ရတာတွေကို ခလေးတွေက လိုက်လုပ်ကျတာပါ။

ခလေးတွေမှာ မိဘတွေ လက်မခံနိုင်တဲ့ အမှုအကျင့်တွေ အများကြီးတွေ့ရပါတယ် အဲဒါ ခလေးရဲ့ အပြစ်မဟုတ်ပါဘူး သေချာစဉ်းစားကြည့်ရင် ကိုယ်လုပ်တာကို သူတို့ လိုက်လုပ်ကျတာပါ ဥပမာ လူတွေကြားထဲ ခလေးတစ်ယောက်က မဖွယ်မရာစကားပြောလို့ရှိရင် ရှက်ကိုးရှက်ကန်းနဲ့ မိဘလုပ်တဲ့လူက "ဟဲ့ ဒီခလေး ဒီလိုစကားဘယ်ကတတ်လာမှန်မသိလို့"ပြောတတ်ကျပါတယ် တကယ်က အိမ်မှာပြောလို့ရှိရင် ဒီခလေးတော်တော်တက်လာပြီလို့ ပြောမှာပါ လူကြားထဲပြောလို့ စိတ်ဆိုးတာလေ။ တကယ်ခလေးက သူများဆီက သင်ခဲ့တာမဟုတ်ပါဘူး မိဘပြောတာကို မှတ်ထားပြီးပြန်ပြောတာပါ   ဝေးဝေးမကြည့်ပါနဲ့ စကားပြောစမ်းစမြန်မာခလေးတစ်ယောကို တရုတ်ပြည်မှာ ၂ နှစ်လောက်ထားကြည့်ပါ ဒီခလေး တရုတ်စကားတတ်သွားပါလိမ့်မယ် ဘာလို့ဆို သူပတ်ဝန်ကျင်မှာ ဒီလိုပြောသံတွေပဲ ကြားနေရတော့ သူ့အလိုလိုတတ်သွားတာပါ ။

အဲဒါကြောင့် ၂ နှစ်ကနေ ၅ နှစ်ဝန်ကျင်ခလေးတွေကို သေချာ ဂရုစိုက်ဖို့လိုပါတယ် သူတို့က ပတ်ဝန် ကျင်ပေါ် မှုတည်ပြီ အမှုအကျင့်စရိုက်တွေ ပြောင်းလဲသွားတတ်လို့ပါ မိဘတွေအနေနဲ့ "ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့လို့ " ပြောမယ့်အစားကိုယ်ကိုယ်တိုင် မလုပ်ပဲ ပြင်မှ ရမှာပါ ခလေးကို အပြစ်တင်ပြော ဆို ဆူရိုက်မယ့်အစား ဒီခလေး ဒီစရိုက်တွေကို ဘယ်ကတတ်လာလဲဆိုတာ အရင်စဉ်းစားသင့်ပါတယ် အဲဒါတွေ ငါတို့ ဆီက တတ်လာဆိုရင် ကိုယ်ကိုယ်တိုင်အရင်ပြင်ဖို့ လိုပါတယ် အဲဒါမှ ခလေးရဲ့စိတ်ထဲမှာလဲ သူတို့ကျတော့လုပ်ပြီး ဆိုတာမျိုးမဖြစ်တော့ပဲ လိမ္မာယဉ်ကျေးပြီးတော် တဲ့ သားသမီးကို ပိုင်ဆိုင်ခွင့်ရမှာပါ မဟုတ်ပဲ ကိုယ်မကြိုက်တဲ့ အမှုအကျင့်တွေကို တုတ်ဆွဲပြီးပဲ ပြင်နေမယ်ဆိုရင်တော့ အရွဲ့တိုက်တတ်ပြီး ဆိုးတဲ့ သားသမီးကိုပဲ ပိုင်ဆိုင်ရပါလိမ့်မယ် ......

ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
Rose White
24.4.2013
6:33 PM

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...

https://www.facebook.com/photo.php?fbid=353257558119671&set=a.331172203661540.67866.331171003661660&type=1&theater

No comments:

Post a Comment