
လူ့ ဘ၀ဆိုတာရခဲပါသလား။ ဒီဗီဒီယိုထဲက ကလေးငယ်အတွက်ကတော့တကယ် ရခဲတဲ့လူ့ ဘ၀ပါပဲ။
ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့ က တရုတ်ပြည်ရဲ့ Jinhua, Zhejiangခရိုင် မှာ မိဘဖြစ် သူတို့ ကလေးငယ်ကို မိလ္လာပိုက်ထဲစွန့် ပစ်လိုက်ရာက အိမ်နီးနားခြင်းတွေက ကလေးငယ်ငိုသံကြားလို့  ၀ိုင်းဝန်းကယ်ဆယ်လိုက်ကြရတဲ့ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။
မီးသတ်သမားတွေဟာကလေးငယ်ပိတ်နေတဲ့အိမ်သာအောက်ပိုက်လိုင်းတခုလုံးကိုဖြတ်တောက်ကာ ဆေးရုံဆီသယ်ဆောင်သွားခဲ့ပြီး ဆေးရုံမှာ မီးသတ်သမားတွေနဲ့ ဆရာဝန်တွေအိမ်သာပိုက် ကို တစ်စစီ ချိုးဖဲ့ပြီး ခက်ခက်ခဲခဲ ကယ်ထုတ်နေ တာကိုတွေ့ ကြရမှာပါ။ ကယ်ထုတ်ပြီးတဲ့အချိန်မှာကလေးရဲ့ အချင်းနဲ့ ချက်ကြိုးဟာ ဆက်လျက်တန်း လန်းရှိတုန်းလို့ ဆိုပါတယ်။
ပိုက်လိုင်းထဲကဆွဲထုတ်စဉ် ပွန်းပဲ့ရာတချို့ ရရှိတာကလွဲလို့ ကလေးငယ်ရဲ့ အခြေအနေ အားလုံးကောင်း မွန်တယ်လို့ သိရပါတယ်။
ဒီအမှုကိုစစ်ဆေးသူတွေကို ၂၂ အရွယ် မိခင်ဖြစ်သူကပြောတာကတော့ မမျှော်လင့်ပဲ အိမ်သာ ထဲမှာ ကလေးကိုမွေးဖွားခဲ့တာလို့ ဆိုပါတယ်။
တရုတ်ပြည်မှာ နှစ်စဉ် ကလေးပေါင်းတစ်သိန်းလောက်စွန့် ပစ်ခံနေရပြီး နေ့ စဉ် ကလေး၂၅၀အထက်မှာ စွန့် ပစ်ခံနေရပါတယ်။

Reuters photo
No comments:
Post a Comment