Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2013

အမြင်မတော်လို့ ၀င်ရေးလိုက်ပါဦးမယ် ...။

အမြင်မတော်လို့ ၀င်ရေးလိုက်ပါဦးမယ် ...။
  နိုင်ငံရေးနဲ့တော့ ဘာမှ မဆိုင်ပါဘူး ....။
  ခု လူပြောများနေတဲ့ ဒါရိုက်တာ တစ်ယောက်ရဲ့ ဇာတ်ကားထဲက ၁၄ နှစ်သမီးကို သရုပ်ဆောင်ခိုင်းတဲ့ ဇာတ်ဝင်ခန်းကိုပါ..။

=====================================================

မြန်မာ့ ဗီဒီယို ရုပ်ရှင်လောကဟာ ဆင်ဆာလွတ်လပ်ခွင့် ရသင့်သလောက် ရသွားပြီဖြစ်ပါတယ်...။
  အဲဒီမှ ဘာကို စ တွေ့ သလဲ ဆိုတော့ ...။.
  (၁) ရုပ်ရှင်/ ဗီဒီယို တစ်ခုလုံးရဲ့ ရိုက်ကူး ထုတ်လုပ် စားရိတ် ...။
 (၂) ဇာတ်လမ်းတစ်ခုလုံးတွင် သုံးထားသော ..နည်းပညာဆိုင်ရာ များ..။
 (၃) ဒါရိုက်တာ.. / သရုပ်ဆောင် များရဲ့ စိတ်ပါဝင်စား အပင်ပန်းခံနိုင်မှု
 (၄) ရိုက်ကူး တည်းဖြတ်သူများရဲ့ အနုပညာ မြောက်မှု ..။
 (၅) သဘာဝ ကျကျ သရုပ်ဆောင်နိုင်မှု ..။

အစရှိတာတွေဟာ .. လုံးဝ ပြောင်းလဲ တိုးတက်မလာသေးပဲ. ....သရဲကား ရိုက်လာကြတာတွေ ..။
sex နဲ့ပတ်သက်တဲ့ ထွင်လုံး ပျက်လုံး Dialogue တွေနဲ့ sex intro ခန်းတွေ ပီပြင်အောင် ရိုက်လာတာတစ်ခုပဲ ထူခြားချက်အနေနဲ့ တွေ့လာရပါတယ်...။
  ထုတ်လုပ်မှုအပိုင်းမှာလည်း producer ကြောင့် ဘယ်တော့မှ အကုန်အကျ များနိုင်သလို...။ shooting တွေဟာလည်း ဒီအိမ်.. ဒီလူ ဒီအဖွဲ့တွေပဲ ထပ်နေပါတယ်..။ တချို့တွေက အစက အကုန်ကျခံကြည့်ပါတယ်..။ ဒါပေမယ့် ၀င်ငွေမကောင်းတော့ ဒီပုပ်ထဲက ဒီပဲ ဖြစ်သွားပါတယ်...။

နောက်တစ်ချက်က နိုင်ငံတာက အဆင့်မီဖို့မပြောနဲ့ ဘေးက အိမ်နီးချင်း နိုင်ငံရဲ့ ဆယ်ပုံတစ်ပုံတောင် အဆင့်မရှိတဲ့ ကြိုးစားမှုများနဲ့ ရိုက်ကူးနေကြတာကို တွေ့ရှိရပါတယ်...။ ဥပမာ ထိုင်းက ဗျှန္တရတ် လို သမိုင်းဝင် ဇာတ်ကားမျိုးကို နောင် အနှစ်နှစ်ဆယ်အထိ ရိုက်ကူးနိုင်ဦးမည်မဟုတ်သလို ...... US series တွဲ supernatural သရဲကား လို ညီအစ်ကိုကြား ... မိဘ သားသမီးကြားမှ အနစ်နာခံမှုတွေကို မျက်လုံးနှင့် သရုပ်ဖော်သော အနုပညာဆန်သည့် တင်ပြချက်များကို ဘယ်တော့မှ ကြည့်ရမည်လဲမသိပါ...။

နောက်ဆုံးတော့ sex နဲ့ပဲ ... နာမည်ကြီးအောင်..။ နာမည်ထွက်အောင် လုပ်ကြတော့သည်..။ ..

ဒီအခန်းမှာ ဒီကောင်မလေး ကို sex emotions ၀င်လာအောင် အဲဒီလိုတောင် သင်ပေးနိုင်သော ဒါရိုက်တာသည် လူညံ့တစ်ယောက်မဟုတ်ပါ. ..။
မိကောင်းဖခင် သားသမီးများဆိုသူ အပျိုဖော် မ၀င့်တ၀င် အသက်မပြည့်တပြည့် မင်းသမီးများငယ်ကလည်း SEX အခန်းက .. သရုပ်ဆောင်ရတာ ... လွယ်နေသလားတော့ မသိပါ..။ ထိုအခန်းကို မိဘတွေ ဘယ်လိုမျက်နှာဖြင့် ကြည့်မည်မသိပါ....။

သေချာသည်ကတော့ ထို ဒါရိုက်တာတွင် အသက်မပြည့်သေးသော အပျိုပေါက် သမီးဖြစ်သူ တူ/တူမ ညီမ ဖြစ်သူများရှိခဲ့လျှင် ..
မြန်မာ Porn site တစ်ခုခုထဲမှ hidden cam ဇာတ်လမ်းတစ်ပုဒ်၊ ဒါမှမဟုတ် တည်းခိုခန်း ဇာတ်လမ်းတစ်ပုဒ်အဖြစ် .... ဖော်ထုတ်ခံရသည်ဆိုပါစို့ ..။

ထိုဒါရိုက်တာ .... အနုပညာမျက်စိဖြင့် ကြည့်နိုင်မည်လော ... သွားရည်တမျှားမျှားဖြင့် .. sex feeling အပြည့်ယူပြီး ကြည့်မည်လော ....။
==========================================================
တလွဲဆံပင်တော့ကောင်းနေပါသည်......။

ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် .. တစ်ပတ်တစ်ကားနှုန်းရိုက်နေသော ဗီဒီယိုလောကကို အဆင့်မရှိဟု ဝေန်ချင်ပါသည်....။

ရုပ်ရှင်ရုံ သူဌေးတစ်ဦးကိုသာ ဗဟိုပြု စံနစ်ဖြစ်နေသော ...
မြန်မာ့ရုပ်ရှင်လောကကိုတော့ လေ့လာဝေဖန်ပေးပါဦးမည်...

No comments:

Post a Comment