Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 25, 2013

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ

             
အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေး တွေကို မှီဝဲဖို့ လိုပါတယ်။
အစာမစားခင် နှစ်မိနစ် အလိုမှာ ဆေးမသောက် သင့်ပါဘူး။ (အကြောင်းပြချက်- ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။) အစာစားပြီး သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။ (အကြောင်းပြချက်- တချို့ဆေးတွေက အစာမရှိဘဲ စားလိုက်ရင် အစာအိမ်ကို မအီမသာ ဖြစ်စေ နိုင်ပါတယ်။ အစာရှိမှ ဝေဒနာ သက်သာ သွားနိုင်လို့ပါ။) ဆေးပတ်လည်အောင် သောက်ပါ ဆေးအားလုံးကို ဝေဒနာ သက်သာတဲ့ အထိ သတ်မှတ်ကာလ ပြည့်မီအောင် သောက်သင့် ပါတယ်။ (အကြောင်းပြချက်- သင့်ခန္ဓာကိုယ် ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာ အတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင် ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ) အားဆေး မှီဝဲမည်ဆိုလျှင် နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲ သင့်ပါတယ်။ အစာမရှိဘဲ အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်- ဆီးကနေ ဗီတာမင် ဘီနဲ့စီ မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား ပါလိမ့်မယ်)။
Good Health

No comments:

Post a Comment