Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2013

လက်သည်း အရှည်မထားသူတို့၏ အားသာချက်ခြောက်ချက်




လက်သည်း အရှည်ထား သူတွေဟာ လက်သည်း အတိုညှပ်သူတွေ လောက် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ မရရှိ တတ်ကြဘူးလို့ အောက်ဖော်ပြပါ အချက် ခြောက်ချက်က သက်သေပြ နေပါတယ်။ လက်သည်းအတို ညှပ်သူတွေ အနေနဲ့-

အကုန်အကျ သက်သာခြင်း

- လက်သည်း အတိုထားသူတွေက လက်သည်း အရှည်ထား သူတွေလို လက်သည်း အလှပြုပြင် ပစ္စည်းတွေ ဝယ်စရာ မလိုအပ် တာကြောင့် အကုန်အကျ သက်သာပါတယ်။ ဒါ့အ ပြင် လက်သည်း ကျိုးပဲ့တာနဲ့ လက်သည်းခွံ ခြောက်သွေ့မှု တွေကြောင့် စိတ်ညစ်စရာ မလိုတော့ပါဘူး။

ကျန်းမာခြင်း

- လက်သည်း အရှည်ထားသူတွေ အနေနဲ့ လက် သည်းကို အသေးစိတ် ဂရုတစိုက်ရှိဖို့ လိုပါတယ်။ လက်သည်း ကျိုးပဲ့ ပျက်စီးတာနဲ့ လက်သည်း အပေါ်ယံလွှာ ဆုံးရှုံးမှု မဖြစ်စေဖို့ ကာကွယ်တဲ့ ပစ္စည်းတွေကို အသုံးပြုပေးဖို့ လိုပါတယ်။ ပုံမှန် ဂရုစိုက်မှု မရှိဘူးဆိုရင် တော့ လက်သည်းတွေက ဝါလာပြီး ကျန်းမာတဲ့ ပုံစံမရှိနိုင်တော့ဘဲ တောက်ပမှုလည်း ကင်းလာတတ် ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှုရှိခြင်း

- လက်သည်းကြားထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ အထူးသဖြင့် ဝါ ညစ်နေတဲ့ လက်သည်းတွေက သန့်ရှင်းမှု ရှိ၊ မရှိကို တွက်ချက်နိုင်ဖို့ ခက်ခဲပါတယ်။ အစာစားချိန်မှာ လက်ကိုဆေးကြော ပေမယ့်လည်း လက်သည်းကြားက အညစ်အကြေးတွေက လုံးဝ ကုန်စင်အောင် ပြောင် မသွားတတ်ပါဘူး။ လက်သည်းကြားက အညစ်အကြေးတွေကို ဘရပ်ရှ် တစ်ချောင်းနဲ့ ရောဂါပိုးတွေကို သန့်စင်နိုင်တဲ့ ဆပ်ပြာသုံးကာ သန့်စင် ပေးဖို့ လိုအပ်တာကြောင့် အလွယ်တကူ အစာစားမိရင်လက်သည်း က ရောဂါပိုးတွေ ဝင်လွယ်တော့မှာပါ။

အရောင်ရင့်နှင့် လိုက်ဖက်မှုရှိခြင်း

- လက်သည်းအတိုတွေကို အနက် ရောင်နဲ့အရောင်ရင့် လက်သည်းဆိုးဆေးတွေသုံးပေးတာက လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုပိုစေပါတယ်။ လက်သည်းရှည်တွေကို တော့ အရောင်ရင့်တွေက ကြည့်ရဆိုးစေပါလိမ့်မယ်။

မတော်တဆ ထိခိုက်မှုကင်ခြင်း

-ကိုယ်လက်သည်း အရှည်ထားတာက သူများကို ထိခိုက်မှု မရှိဘူးလို့ မထင်ပါနဲ့။ သင့်မိတ်ဆွေအ ပေါင်းအသင်းတွေနဲ့ စကားပြော ချိန်မျိုးမှာ ရှည်လွန်းတဲ့လက် သည်းတွေကြောင့် မတော်တဆ ထိခိုက်မှုမျိုးတွေဖြစ်တတ်ပါ တယ်။ ခိုက်ရန်ဖြစ်ပွား ချိန်မှာလည်း သင်ရော၊ တစ်ဖက်လူပါ နာကျင်မှု ဖြစ်စေနိုင်ပါ သေးတယ်။ အထူးသဖြင့် ကလေးငယ်ရှိ တဲ့ မိခင်တွေအနေနဲ့ လက်သည်းရှည် ထားတာကြောင့် ကလေး ငယ်ရဲ့ နုနယ်တဲ့ အစိတ်အပိုင်း တွေမှာ ထိခိုက်နာကျင် မှုဖြစ်စေ နိုင်ပါတယ်။

တစ်နေ့တာကို လွယ်ကူစွာ ဖြတ်သန်းနိုင်ခြင်း

- အမျို သမီးတွေ အနေနဲ့ ထမင်းဟင်း ချက်ပြုတ်တာ၊ လျှော်ဖွပ် တာနဲ့ အိမ်မှု ကိစ္စတွေကို အနည်းနဲ့ အများပြုလုပ် နေကြရတာ ပါပဲ။ အထူးသဖြင့် အဝတ်လျှော်ဖွပ် ချိန်မျိုးမှာ လက်သည်း ကျိုးပဲ့ ပျက်စီးကာ နာကျင်မှုကို ခံစားကြရတတ်ပါတယ်။ လက်သည်း အတိုညှပ်ထား တာကြောင့် ဖော်ပြပါ ပြဿနာ တွေကင်းဝေး စေမှာပါ။  

သဲသဲ

No comments:

Post a Comment